Connect with us

China

တရုတ်မော်တော်ကားထုတ်လုပ်ရေး BYD က ဂရိနိုင်ငံတွင် ခရီးသည်တင်ကားရောင်းချမှု စတင်ကြောင်းကြေညာ

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် BYD ၏ Atto 3 မော်တော်ကားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားထုတ်လုပ်ရေး BYD သည် ဂရိဈေးကွက်တွင် BYD ခရီးသည်တင်ကားများ ရောင်းချမှု စတင်ပြီဖြစ်ကြောင်း မတ် ၂၁ ရက်က ကြေညာခဲ့သည်။
ဂရိနိုင်ငံတွင် ဖြန့်ချိမည့် ပထမဆုံး BYD အမှတ်တံဆိပ်ကား နှစ်စီးမှာ BYD ATTO 3 နှင့် BYD SEAL တို့ဖြစ်ကြောင်း၊ Sfakianakis Group ကုမ္ပဏီက ဂရိနိုင်ငံတွင် BYD ၏ တရားဝင်ရောင်းချမည့်မိတ်ဖက်အဖြစ် ခန့်အပ်ခြင်းခံရကြောင်း သိရသည်။

BYD သည် အေသင်မြို့တွင် ပထမဆုံးအရောင်းဆိုင်ကို ဖွင့်လှစ်ထားပြီးဖြစ်ကာ ဒုတိယမြောက် အရောင်းဆိုင်ကို ဧပြီလအစောပိုင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။

လက်ရှိတွင် BYD သည် ဥရောပနိုင်ငံ ၂၀ နိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဥရောပတွင် ဆိုင် ၂၅၀ ကျော် ဖွင့်လှစ်ထားပြီး ဥရောပအသုံးပြုသူများထံ စွမ်းအင်သစ်မော်တော်ယာဉ် အမျိုးအစား အမြောက်အမြား ရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
Chinese automaker BYD announces start of passenger car sales in Greece
SHENZHEN, March 22 (Xinhua) — Chinese automaker BYD on Thursday announced the start of sales of BYD passenger cars in the Greek market.
The first two BYD models to be distributed in Greece are the BYD ATTO 3 and the BYD SEAL. Sfakianakis Group has been appointed BYD’s national dealer partner in Greece.
BYD has already opened its first store in Athens, while a second store is set to be launched in early April.
BYD currently has a presence in 20 European countries. The company has more than 250 stores in Europe, with multiple models of new energy vehicles available to European consumers.
Photo: This photo taken on July 17, 2023 shows BYD’s Atto 3 at a shop in Tel Aviv, Israel. (Xinhua/Chen Junqing)