Connect with us

Economy

မြန်မာနိုင်ငံက ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း သတ္ထုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုအနီး ကွန်တိန်နာများ တင်ဆောင်ထားသည့် ထရပ်ကားများ တန်းစီနေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း သတ္ထုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၆၂.၂၃၆ သန်း ဝင်ငွေရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ် ၂၃ ရက်၌ ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ယခုနှစ် မတ် ၁၅ ရက်အထိ နိုင်ငံပိုင်ကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ရရှိခဲ့သလို ပုဂ္ဂလိကကဏ္ဍမှ ဝင်ငွေ ဒေါ်လာ ၂၂၅ သန်းကျော် ရရှိခဲ့သည်။

အဆိုပါ ပမာဏသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလက သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ ရရှိခဲ့သော ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂၆.၈၂၀ သန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း ဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို ပြည်ပကုန်သွယ်ဖက်များဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ စသည့်နိုင်ငံများထံ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မတ် ၁၅ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
……………………….
(English Version)
Myanmar earns 260 mln USD from mineral exports in over 11 months
YANGON, March 23 (Xinhua) — Myanmar earned 262.236 million U.S. dollars from mineral exports in over 11 months of the 2023-24 fiscal year through March, according to the Ministry of Commerce on Saturday.
From April 1 last year to March 15 this year, over 37 million dollars was earned from the government sector, while over 225 million dollars was netted from the private sector.
During the cited period, the mineral exports declined compared to 326.820 million dollars recorded during the same period last year, the ministry’s data showed.
Myanmar mainly exports agricultural, animal and marine products, minerals, forest products and manufactured goods to its foreign trade partners, including China, Thailand, Bangladesh and India.
As of March 15, the country’s total export earnings amounted to over 13 billion U.S. dollars.
Photo: Trucks carrying containers queue near a port in Yangon, Myanmar, Jan. 18, 2024. (Photo by Myo Kyaw Soe/Xinhua)