Connect with us

Africa & Middle East

ဂါဇာဒေသတွင် ရာမ်ဇာန်လက နေ့စဉ်အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရမှုကို လျှော့ချပေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် ပျက်စီးနေသောဗလီအနီး ဝတ်ပြုနေကြသော ပါလက်စတိုင်းများကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် ပျက်စီးနေသော နေအိမ်များအကြား အသက် ၅၅ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသား Nidal Abu Baraka သည် ၎င်း၏ မိသားစုနှင့်အတူ ပျက်စီးနေသောနေအိမ်ပေါ်တွင်ပင် ရာမ်ဇာန်လ နေ့စဉ်ဝါဖြေစား‌သောက်ပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပျက်စီးသွားသော အဆောက်အအုံကို ကြည့်ရှုနေကြသူများကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစားအစာရရှိရန် စောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ခုလက်ရှိအခြေအနေမျိုးမှာတောင်မှ ကျွန်တော့်နေအိမ်မှာပဲ ဝါဖြေစားသောက်ဖို့ မလုပ်ဘဲနေမှာမဟုတ်ပါဘူး” ဟု ဂါဇာဒေသအလယ်ပိုင်း၊ Deir al-Balah ရှိ ၎င်း၏ ပျက်စီးနေသော နေအိမ်တွင် ထင်းမီးဖြင့် ထမင်းအိုးတည်မည့် ဇနီးသည်အား ကူညီလျက် ကလေး ၈ ယောက်ဖခင်ဖြစ်သူ ၎င်းက ဆင်ဟွာသတင်းဌာနကို ပြောခဲ့သည်။

ရာမ်ဇာန်လမတိုင်မီ နိုင်ငံတကာအကူအညီများရရှိရေးအတွက် အစ္စရေး-ဟားမက် အပစ်အခတ်ရပ်စဲရေးမှာ မအောင်မြင်ဖြစ်ခဲ့ခြင်းကြောင့် ပါလက်စတိုင်းများကြား စိတ်ပျက်မှုကြုံတွေ့နေရချိန်တွင်ပင် မတ် ၁၁ ရက်က စစ်ဘေးဒဏ်ခံရနေရသော ဂါဇာဒေသ၌ အစ္စလာမ်ဘာသာဝင်များ၏ သန့်ရှင်းသောလ ကျရောက်လာခဲ့သည်။

အစ္စရေးနယ်စပ်မြို့များပေါ် ဟားမက်စ်က ရုတ်တရက်ဝင်ရောက်တိုက်ခဲ့ပြီးနောက် လူ ၁,၂၀၀ ခန့် သေဆုံးကာ ဓားစာခံ ၂၀၀ ကျော် ဖမ်းဆီးသွားသည့် အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးနိုင်ငံက ဂါဇာဒေသရှိ ဟားမက်စ်ကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
ထို့နောက် အစ္စရေးက ဂါဇာကို ကုန်း၊ လေ၊ ရေဖြင့် တိုက်ခိုက်မှုများ အရှိန်မြှင့်လာခဲ့သည်။

ထို့ပြင် စစ်ပွဲအတွင်း ပါလက်စတိုင်း ၃၂,၀၀၀ ကျော် သေဆုံးခဲ့သလို စစ်ပွဲမှာလည်း အချိန်ငါးလကျော်ကြာမြင့်လာခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်ထိန်းချုပ်သော ကျန်းမာရေးဝန်ကြီးဌာနကပြောခဲ့သည်။
“သေဆုံးမှုတွေအားလုံးကြောင့် ရာဇာန်လဓလေ့ထုံးတမ်းနဲ့ ဆက်စပ်တဲ့အရာတွေ အားလုံးကို ဆုံးရှုံးလိုက်တာပါပဲ၊ ကျွန်တော်တို့ရဲ့ ပန်းကန်ပြားတွေနဲ့ သကြားလုံးတွေက စားပွဲတွေပေါ်မှာမရှိတော့ဘူး” ဟု Abu Baraka ပြောသည်။
ထို့ပြင်နေအိမ်များတွင်လည်း ရာမ်ဇာန်လ မီးပုံးများနှင့် အလှမီးများဖြင့် အလှဆင်နိုင်ခြင်းမရှိတော့ကြောင်း၊ ဆွေမျိုးများ၊ ချစ်ခင်ရသူများထံ အပြန်အလှန် အလည်အပတ်သွားခြင်းမျိုးလည်း မရှိတော့ကြောင်း ၎င်းက ပြောခဲ့သည်။
“ပြည်သူတွေကတော့ အသက်ရှင်ဖို့ အစားအစာအနည်းအကျဉ်းကို လိုက်ရှာရတာနဲ့ပဲ ကျွန်တော်တို့ အလုပ်ရှုပ်နေကြတယ်။ ဒါပေမဲ့ ဒါက ဂါဇာဒေသက ပါလက်စတိုင်းတွေအတွက် သိပ်ပြီးတော့ မလွယ်ကူလှပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည် (Xinhua)

……………………..
(English Version)
Ramadan in Gaza reduced to daily struggle for survival
GAZA, March 24 (Xinhua) — Amidst the debris of destroyed houses in the Gaza Strip, Nidal Abu Baraka, a 55-year-old Palestinian man, chose to break his daily Ramadan fast on the very ruins of his house with his family.
“I will never give up breaking fast in my house even during the current circumstances,” the 55-year-old father of eight told Xinhua while helping his wife cook a pot of rice on firewood in his ruined home in Deir al-Balah, a central Gazan city.
On March 11, war-ravaged Gaza entered the Islamic holy month amid a mood of disappointment felt among many Palestinians upon seeing that every international effort to reach an Israel-Hamas ceasefire before Ramadan has failed.
Israel has launched a large-scale war against Hamas in Gaza since Oct. 7, after Hamas carried out a sudden attack on Israeli border towns, killing approximately 1,200 people and taking hostage more than 200 others.
Israel later escalated to land, air, and sea attacks on Gaza.
So far, over 32,000 Palestinians have been killed in the war that has lasted for more than five months, according to the Hamas-run Ministry of Health in the Gaza Strip.
“Because of all these tragedies, we have lost everything related to Ramadan rituals. Most of our delicious dishes and sweets have no longer found a place on our tables,” Abu Baraka complained.
Also, homes are no longer decorated with Ramadan lanterns and beautiful lights, “nor do we have time to exchange visits with our relatives and loved ones,” he said.
“People are all busy finding the minimum amount of food to survive … but even this is not easy for all Palestinians in Gaza,” he added.
Photo 1: Palestinians attend Friday prayers near a destroyed mosque during Ramadan in the southern Gaza Strip city of Rafah, on March 22, 2024. (Photo by Yasser Qudih/Xinhua)
Photo 2: People inspect a destroyed building after an Israeli airstrike in the southern Gaza Strip city of Rafah, on March 22, 2024. (Photo by Khaled Omar/Xinhua)
Photo 3: People wait for food relief in the southern Gaza Strip city of Rafah on March 14, 2024. (Photo by Khaled Omar/Xinhua)