Connect with us

Europe

ဘယ်လ်တီမိုးတံတားပြိုကျမှုမှ မော်တော်ယာဉ်အတွင်း သေဆုံးသူနှစ်ဦးတွေ့ရှိ

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့တွင် ပြိုကျနေသောတံတားကို ၂၀၂၄ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးမြို့ရှိ တံတားပြိုကျမှု၌ ပစ်ကပ်ကားတစ်စီးအတွင်း သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို မတ် ၂၇ ရက် အစောပိုင်းက တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ယင်းနေ့တွင် ပြောကြားခဲ့သည်။
“အနီရောင်ပစ်ကပ်ကားနစ်မြုပ်တဲ့ တည်နေရာ တံတားရဲ့ ခန်းဖွင့်အလယ်ဧရိယာ ရေအောက် ၂၅ ပေခန့်မှာ ရေငုပ်သမားတွေရှိနေခဲ့တာပါ။ ကားအတွင်းမှာ ပိတ်မိနေတဲ့ သေဆုံးသူ နှစ်ဦးကို ရေငုပ်သမားတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု မေရီလန်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ရိုလန်ဘတ်တလာက မတ် ၂၇ ရက် မွန်းလွဲပိုင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့တွင် ပြိုကျနေသောတံတားကို ၂၀၂၄ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘယ်လ်တီမိုးမြို့တွင် တံတားပြိုကျသောနေရာအနီး သတင်းယူနေသူများကို ၂၀၂၄ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အသက် ၃၅ နှစ်နှင့် ၂၆ နှစ် အသီးသီးရှိသော သေဆုံးသူ အမျိုးသားနှစ်ဦးကို မတ် ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီမတိုင်မီ‌ ရေငုပ်သမားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘတ်တလာက ဆိုသည်။
အေးစက်နေသောရေပြင်နှင့် မတော်တဆဖြစ်ပွားမှုကြာမြင့်ချိန်ကြောင့် တံတားပြိုကျပြီး ပျောက်ဆုံးနေသော ဆောက်လုပ်ရေးအလုပ်သမား ၆ ဦးမှာ သေဆုံးသွားပြီဟု မှတ်ယူလိုက်ကြောင်း အမေရိကန်ကမ်းခြေစောင့်တာဝန်ရှိသူများပြောကြားချက်အရ သိရသည်။

စင်ကာပူအလံလွှင့်ထူထားသော ကွန်တိန်နာသင်္ဘောက လျှပ်စစ်ချို့ယွင်းမှုကြောင့် မတ် ၂၆ ရက် နံနက် ၁:၃၀ နာရီခန့်တွင် အရှည် ၂.၆ ကီလိုမီတာရှိသော Francis Scott Key တံတားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်တွင် ပျောက်ဆုံးသူ ၆ ဦးမှာ လမ်းပြုပြင်ထိန်းသိမ်းရေးအလုပ်သမားများဖြစ်ပြီး တံတားပြိုကျစဉ်က တံတားအပေါက်များကို ပြုပြင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးက Patapsco မြစ်အတွင်းသို့ လူ ၈ ဦး ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။
ဘယ်လ်တီမိုးမြို့တွင် ရုံးစိုက်သော ရွှေ့ပြောင်းသွားလာရေးဝန်ဆောင်မှုလုပ်ငန်း Global Refuge က ယခုကဲ့သို့ ဘေးအန္တရာယ်များက စိန်ခေါ်မှုနှင့် အန္တရာယ်ရှိလုပ်ငန်းခွင်များ၌ မကြာခဏလုပ်ကိုင်နေရသည့် အဆိုပါမြို့ရှိ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းအပေါ် မမျှတသောသက်ရောက်မှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“တံတားတွေဆိုတာက ပြန်တည်ဆောက်လို့ရတယ်။ ဒါပေမဲ့ လူသေဆုံးမှုဆိုတာက အဲဒီမိသားစုတွေအတွက် ဘယ်တော့မှပြန်လည်ပြုပြင်ပေးလို့မရနိုင်ဘူး” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌနှင့် စီအီးအို Krish O’Mara Vignarajah က ပြောခဲ့သည်။ (Xinhua)

………………………..
(English Version)
Two bodies recovered in vehicle from Baltimore bridge collapse
WASHINGTON, March 27 (Xinhua) — Officials said Wednesday that the bodies of two people were recovered in a pickup truck earlier in the day from the bridge collapse site in the U.S. city of Baltimore.
“Divers located a red pickup truck submerged and approximately 25 feet of water in the area of the middle span of the bridge. Divers recovered two victims of this tragedy trapped within the vehicle,” Maryland State Police Colonel Roland Butler told a press conference Wednesday afternoon.
Divers found two men, aged 35 and 26, respectively, shortly before 10 a.m. local time (1400 GMT) Wednesday, said Butler.
The latest development came a few hours after the U.S. Coast Guard officials said Tuesday evening that six construction workers missing after the bridge collapse were presumed dead, citing frigid water and the length of time since the accident.
The 2.6-km-long Francis Scott Key Bridge collapsed at about 1:30 a.m. (0530 GMT) early Tuesday morning after being hit by a Singapore-flagged large container ship, which experienced a power failure before the collision.