Connect with us

Media

လက်နက်တင်ပို့မှုထိန်းချုပ်ရေး ဖြေလျှော့မှုကို ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီးချုပ် နေအိမ်အပြင်ဘက် ဂျပန်နိုင်ငံသားများက စုဝေးဆန္ဒပြ

တိုကျို၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအစိုးရ၏ လက်နက်တင်ပို့မှုထိန်းချုပ်ရေး ထပ်မံလျှော့ချရေးနှင့် ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းများ ဖြေလျှော့လိုက်ခြင်းအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီးချုပ်၏ နေအိမ်ရှေ့တွင် ကန့်ကွက်ဆန္ဒပြသူအများအပြားက မတ် ၂၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားက စုရုံးခဲ့ကြကြောင်း သိရသည်။
မျိုးဆက်သစ်တိုက်လေယာဉ်များအား ဗြိတိန်၊ အီတလီနိုင်ငံတို့နှင့် ပူးပေါင်းထုတ်လုပ်ပြီး အခြားနိုင်ငံများသို့ တင်ပို့ခြင်းနှင့် ပတ်သက်၍ တားမြစ်ချက်အား ရုတ်သိမ်းရန် ဂျပန်အစိုးရက မတ် ၂၆ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းမှာ အရေးပါသော ကာကွယ်ရေးမူဝါဒပြောင်းလဲမှုနှင့် နိုင်ငံ၏ စစ်ဆန့်ကျင်ရေးဝါဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်သော နောက်ထပ်ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ကြကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Japanese rally outside PM residence to protest relaxed arms export control
Many Japanese protesters, amid heavy rainfall, gathered on Tuesday in front of the prime minister’s residence to rally against the government’s eased defense equipment transfer rules and further relaxation of arms export control.
Seen as a significant defense policy shift and another step contrary to the country’s pacifist constitution, the Japanese government decided at a cabinet meeting on Tuesday to lift the ban on exporting the next-generation fighter jets set to be jointly developed with Britain and Italy to third countries.
Xinhua News Agency correspondents reporting from Tokyo.(XHTV)