Connect with us

China

တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်တွင် ဆက်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ ၅၀,၀၀၀ ကျော်ကို တရားစွဲဆိုထား

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ တရားရေးဆိုင်ရာဌာနများက ၂၀၂၃ ခုနှစ်အတွင်း ဆက်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သူ ၅၀,၀၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း နိုင်ငံ၏ အဆင့်မြင့်တရားရုံးက မတ် ၃ ရက်၌ ပြောကြားခဲ့သည်။

ထို့ပြင် အဆင့်မြင့် ပြည်သူ့ရှေ့နေချုပ်ရုံး (SPP) က ဆက်သွယ်ရေးသတင်းအချက်အလက် ကွန်ရက်နှင့် ဆက်စပ်သော ပြစ်မှုများအား ပါဝင်ကူညီသူ ၁၄၀,၀၀၀ ကျော်ကိုလည်း ယမန်နှစ်က တရားစွဲဆိုထားကြောင်း အတည်ပြုခဲ့သည်။

တရားရေးဆိုင်ရာဌာနများအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဓိက နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ၁၃ မှုကို ကိုင်တွယ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် တရုတ်နိုင်ငံသားများအား ထိခိုက်စေခဲ့သောမှုခင်းများ စသည်တို့ကို ပစ်မှတ်ထားသည့် အထူးကမ်ပိန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China prosecutes over 50,000 people for telecom, online fraud in 2023
BEIJING, March 3 (Xinhua) — Procuratorial organs in China prosecuted more than 50,000 people for committing telecom and online fraud in 2023, the country’s top procuratorate said Sunday.
In addition, the Supreme People’s Procuratorate (SPP) also confirmed that over 140,000 people who assisted in information network criminal activities were prosecuted last year.
Procuratorial organs cooperated with the Ministry of Public Security and oversaw the handling of 13 major cross-border telecom and online fraud cases in 2023. Special campaigns targeting such activities in northern Myanmar affecting Chinese citizens were also launched.