Connect with us

Media

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းတွင် ခရီးသည်ခရီးစဉ်ပေါင်း ၂ သန်း ရှိလာ

ဂျကာတာ၊ မတ် ၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့တောင်အာရှ၌ ပထမဆုံး အမျိုးအစားဖြစ်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းက စုစုပေါင်း ခရီးသည် ၂ သန်းကျော် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း China Railway International Limited က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် တရားဝင်စတင်ပြေးဆွဲပြီးနောက် ခရီးသည် ၂,၀၀၈,၃၈၇ ဦးအား သယ်ယူပို့ဆောင်နိုင်ခဲ့ကာ ရက်ပေါင်း ၁၃၉ ရက်ကြာ ဘေးကင်းစွာ ပြေးဆွဲပေးခဲ့ကြောင်း ကုမ္ပဏီထံမှ သိရသည်။ (Xinhua)

………………………………
(English Version)
Passenger trips on Jakarta-Bandung high-speed railway hit 2 mln
The Jakarta-Bandung High-Speed Railway (HSR), the first of its kind in Indonesia and Southeast Asia, has transported more than 2 million passengers in total, said China Railway International Limited on Sunday.
According to the company, the HSR has been safely operating for 139 days, carrying a total of 2,008,387 passengers, since its official operation on Oct. 17, 2023.
Xinhua News Agency correspondents reporting from Jakarta.(XHTV)