Connect with us

NPC

တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ဖွင့်လှစ်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် မတ် ၅ ရက်က ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC)၏ ဒုတိယအကြိမ်အစည်းအဝေးကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် မတ် ၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေး၌ ဝန်ကြီးချုပ် လီချန်က အစိုးရအဖွဲ့လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အကောင်အထည်ဖော်မှု၊ ၂၀၂၄ ခုနှစ် အစီအစဉ်မူကြမ်း၊ ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မူကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကောင်စီထံမှ လုပ်ငန်းအစီရင်ခံစာကို ဥပဒေပြုလွှတ်တော်အမတ်များက ပြန်လည်သုံးသပ်ခဲ့ကြသည်။

ထို့ပြင် ၎င်းတို့သည် နိုင်ငံတော်ကောင်စီမှ တင်သွင်းထားသော ၂၀၂၃ ခုနှစ် ဗဟိုနှင့် ဒေသန္တရအသုံးစရိတ်များ အကောင်အထည်ဖော်မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ဗဟိုနှင့် ဒေသန္တရ အသုံးစရိတ်များ မူကြမ်းဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဝန်ကြီးချုပ် လီချန်က အစိုးရအဖွဲ့လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားနေသည်ကို ၂၀၂၄ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(English Version)
China’s national legislature opens annual session
BEIJING, March 5 (Xinhua) — The 14th National People’s Congress (NPC), China’s national legislature, opened its second session Tuesday morning at the Great Hall of the People in Beijing.
Xi Jinping and other Chinese leaders attended the opening meeting.
Premier Li Qiang delivered a government work report at the meeting.
Lawmakers reviewed a report from the State Council on the implementation of the 2023 plan for national economic and social development and on the 2024 draft plan, as well as the draft plan for national economic and social development in 2024.
They also reviewed a report from the State Council on the execution of the central and local budgets for 2023 and on the draft central and local budgets for 2024, as well as the draft central and local budgets for 2024.
Photo 1: The opening meeting of the second session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2024. (Xinhua/Ding Haitao)
Photo 2: Chinese Premier Li Qiang delivers a government work report at the opening meeting of the second session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 5, 2024. (Xinhua/Yao Dawei)