Connect with us

China

တရုတ်နိုင်ငံ၌ 5G မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက် ဖေဖော်ဝါရီလကုန်အထိ ၈၅၀ သန်းကျော်ရှိလာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချိန်ကူးမြို့၌ ၁၁ ကြိမ်မြောက် China Internet Audio and Video Convention ၌ ပြခန်းတစ်ခုအတွင်း VR ကရိယာအကြောင်း လေ့လာနေသူတစ်ဦးကို မတ် ၂၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ 5G မိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်မှာ ဖေဖော်ဝါရီလကုန်အထိ ၈၅၀ သန်းရှိလာကြောင်း တရားဝင်အချက်များအရ သိရသည်။
အဆိုပါ အရေအတွက်သည် တရုတ်နိုင်ငံ၏ အဓိက ဆက်သွယ်ရေးအော်ပရေတာ သုံးခုကို အသုံးပြုသည့် စုစုပေါင်းမိုဘိုင်းစာရင်းသွင်းသူ အရေအတွက်၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။
ဖေဖော်ဝါရီလကုန်ထိ တရုတ်နိုင်ငံ၏ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်း ၁ ဒသမ ၇၅ ဘီလီယံရှိကြောင်း စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြောကြားသည်။
တရုတ်နိုင်ငံ၏ အဓိက ဆက်သွယ်ရေးအော်ပရေတာ သုံးခုမှာ China Telecom ၊ China mobile နှင့် China Unicom တို့ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသုံးခုကို အသုံးပြုသည့် ပုံသေမြန်နှုန်းမြင့် အင်တာနက်(ဘရော့ဘန်း)အသုံးပြုသူ အရေအတွက်သည် ဖေဖော်ဝါရီလကုန်ထိ ၆၄၃သန်းရှိကြောင်း သိရသည်။(Xinhua )

…………………………………..
(English Version)
China’s 5G subscribers exceed 850 million in February
BEIJING, April 1 (Xinhua) — The number of 5G mobile subscribers in China had reached 851 million as of the end of February, official data showed.
This figure accounted for 48.8 percent of the total number of mobile subscribers using either one of China’s three major telecommunication enterprises or China Broadnet. China’s total number of mobile subscribers stood at 1.75 billion as of the end of February, the Ministry of Industry and Information Technology said.
The aforementioned three major telecommunication operators are China Telecom, China Mobile and China Unicom.
Data also revealed that the number of fixed broadband subscribers using these three firms had amounted to 643 million by the end of Februar. ■
Photo-A visitor learns about a VR device during an exhibition of the 11th China Internet Audio and Video Convention in Chengdu, southwest China’s Sichuan Province, March 28, 2024. (Xinhua/Tang Wenhao)