Connect with us

International Organizations

၂၀၂၄ ခုနှစ် မတ်လတွင် ကမ္ဘာ့အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ Sheraton ဟိုတယ်တွင် အအေးဓာတ်ရရှိရန် ရေပန်းတွင် ဆော့ကစားနေသော ကလေးငယ်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ အေဂျင်စီ Copernicus ၏ အဆိုအရ ၂၀၂၄ ခုနှစ် မတ်လသည် ပြီးခဲ့သည့် ၁၀ လတာကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် မှတ်တမ်းတင်ထားသမျှ အပူဆုံးလအဖြစ် မှတ်တမ်းတင်ထားသမျှ အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းရှိ ပျမ်းမျှမျက်နှာပြင်လေထုအပူချိန်သည် ပြီးခဲ့သည့်လတွင် ၁၄ ဒသမ ၁၄ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၁-၂၀၂၀ ပြည့်နှစ်ကာလအတွင်းက မတ်လပျမ်းမျှအပူချိန် သုည ဒသမ ၇၃ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ခဲ့ကြောင်း Copernicus ကထုတ်ပြန်သော အစီရင်ခံစာတွင် မှတ်တမ်းပြုခဲ့သည်။
ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကို ရပ်တန့်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျင်မြန်စွာလျှော့ချရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ် မတိုင်မီကထက် ၁ ဒသမ ၅၈ စင်တီဂရိတ် ပိုမိုမြင့်မားခဲ့ပြီး ၂၀၁၅ ခုနှစ် ပါရီရာသီဥတု သဘောတူညီချက်၏ သတ်မှတ်ထားသည့် သတ်မှတ်ချက်များထက် ကျော်လွန်ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် (၂၈) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ကမ္ဘာကြီးပူနွေးလာမှုကို အဓိက ပံ့ပိုးပေးနေသည့် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းရန် တာဝန်ရှိသူများအကြား သဘောတူညီမှုရရှိခဲ့သည်။ (Xinhua)

……………………….
(English Version)
Global heat record broken for 10th consecutive month: Copernicus
BERLIN, April 9 (Xinhua) — Year 2024 recorded the warmest March ever documented globally, marking the 10th month in a row to be the hottest on record, according to the European Union’s Copernicus Climate Change Service.
The average surface air temperature across the globe reached 14.14 degrees Celsius last month, surpassing the 1991-2020 March average by 0.73 degrees Celsius, Copernicus noted in a report released on Tuesday.
For the past 12 months, the global average temperature was 1.58 degrees Celsius higher than in the pre-industrial era, exceeding targets set out by the Paris Climate Agreement in 2015.
In December last year, the 28th United Nations (UN) Climate Change Conference reached an agreement to gradually phase out the use of fossil fuels, which are a major contributor to global warming. Despite this, UN Secretary-General Antonio Guterres warned that the planet was still “minutes to midnight” for sticking to the 1.5-degree limit. “And the clock keeps ticking.”
Photo- Children play at an artificial fountain to cool off in Sheraton hotel park in Doha, Qatar, on July 6, 2023. (Photo by Nikku/Xinhua)