Connect with us

Europe

အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို တရုတ်နိုင်ငံနှင့် ဂျော်ဂျီယာနိုင်ငံတို့ လက်မှတ်ရေးထိုး

ဂျော်ဂျီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhou Qian (ဝဲ) နှင့် ဂျော်ဂျီယာနိုင်ငံခြားရေးဝန်ကြီး Darchashvili တို့က တရုတ်နှင့်ဂျော်ဂျီယာ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြို့တောာ် တီဘလီစီတွင် ဧပြီ ၁၀ ရက်က ပူးတွဲလက်မှတ်ရေးထိုးခဲ့စဉ် (ဆင်ဟွာ)

တီဘလီစီ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ဂျော်ဂျီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Zhou Qian နှင့် ဂျော်ဂျီယာနိုင်ငံခြားရေးဝန်ကြီး Darchashvili တို့သည် တရုတ်နှင့်ဂျော်ဂျီယာ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြို့တောာ် တီဘလီစီတွင် ဧပြီ ၁၀ ရက်က ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သဘောတူညီချက်အရ ဂျော်ဂျီယာ သို့မဟုတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင်သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် သဘောတူစာချုပ်ချုပ်ဆိုထားသော တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း သို့မဟုတ် ဖြတ်သန်းခြင်းတွင် တစ်ကြိမ်ဝင်ခွင့်သည် ရက် ၃၀ ထက်မပိုရဘဲ ဝင်ခွင့်ရက်ပေါင်း ၁၈၀ တိုင်းတွင် ရက်ပေါင်း ၉၀ ထက်မပိုရ ယင်းအချက်များနှင့် ပြည်စုံလျှင် ဗီဇာလျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
中国与格鲁吉亚签署互免签证协定
中国驻格鲁吉亚大使周谦与格鲁吉亚外交部长达尔恰什维利10日在第比利斯共同签署了中格关于互免持普通护照人员签证的协定。
根据该协定,持有效的格鲁吉亚普通护照或有效的中华人民共和国普通护照,在缔约另一方入境、出境或者过境,单次停留不超过30日,每180日累计停留不超过90日,免办签证。
图说:4月10日,中国驻格鲁吉亚大使周谦(左)与格鲁吉亚外交部长达尔恰什维利在第比利斯共同签署了中格关于互免持普通护照人员签证的协定。