Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ ဂါဇာဒေသသို့ပို့ဆောင်မည့် လူသားချင်းစာနာမှုအကူအညီများ အီဂျစ်သို့ ရောက်ရှိ

အီဂျစ်နိုင်ငံ မြောက်ဆိုင်းနိုင်းပြည်နယ်ရှိ Al-Arish လေဆိပ်တွင် တရုတ်နိုင်ငံမှ ကူညီသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လေယာဉ်ပေါ်မှ အောက်သို့ချနေသည့် အလုပ်သမားများအား ၂၀၂၄ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုင်းနိုင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ပါလက်စတိုင်းအတွက် ကူညီသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ Al-Arish လေဆိပ်သို့ ဧပြီ ၁၉ ရက်က ရောက်ရှိလာခဲ့သည်။ ဂါဇာဒေသတွင် လူသားချင်းစာနာမှုအခြေအနေ ဆိုးဝါးလာမှုကို လျှော့ချနိုင်ရေးအတွက် တရုတ်နိုင်ငံ အစိုးရသည် ပါလက်စတိုင်းအား ဆက်လက်အကူအညီပေးလျက်ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားလူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီအမြောက်အမြားအား အီဂျစ်နိုင်ငံမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသထံ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးအရ သိရသည်။ (Xinhua)

……………………..
(English Version)
China-aided humanitarian supplies to Gaza arrive in Egypt

A batch of humanitarian supplies provided by the Chinese government to Palestinians arrived at the Al-Arish airport on Friday. To ease the dire humanitarian situation in Gaza, the Chinese government has continued to provide aid to Palestine and has sent several batches of food, medicine and other emergency humanitarian aid to the strip through Egypt, according to the Chinese embassy in Egypt.

Photo 1: Workers unload China-aided humanitarian supplies to Gaza Strip from a plane at the Al-Arish airport in North Sinai Province, Egypt, on April 19, 2024. (Xinhua)