Connect with us

Asia

စင်ကာပူနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခုနှစ်ပထမသုံးလပတ်အတွင်း နှစ်ဆကျော်မြင့်တက်လာ

စင်ကာပူနိုင်ငံ Esplanade arts center အပြင်ဘက်တွင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခြင်ဆေးဖျန်းနေသူများကို ၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ယခုနှစ် ပထမ သုံးလပတ် ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀၀ ကျော်ရှိပြီး ယမန်နှစ်အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၆၀ ရှိသည့်အတွက် နှစ်ဆကျော်မြင့်တက်လာကြောင်း မတ် ၃၁ ရက်တွင် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (အန်အီးအေ)၏ ထုတ်ပြန်ချက်အရသိရသည်။
ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၌ မတ်၂၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ခုနှစ်ဦးရှိကြောင်း အင်န်အီးအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ အရေအတွက်မှာ ၂၀၂၂ ခုနှစ်တွင် ၃၂၁၇၃ ဦးအထိရှိပြီး ၂၀၂၃ ခုနှစ်တွင် ၉၉၄၉ ဦးသာ ရှိသည့်အတွက် ရောဂါဖြစ်ပွားမှု ကျဆင်းလာကြောင်းသိရသည်။
အင်န်အီးအေသည် ခြင်ပေါက်ပွားမှုများအတွက် တားဆီးရေး ကြိုးပမ်းအားထုတ်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရန် ပူးပေါင်းပါဝင်ရေးအတွက်လည်း ပြည်သူများအားတောင်းဆိုထားသည်။ (Xinhua)
…………………………
(English Version)
Dengue cases double in Q1 in Singapore
SINGAPORE, March 31 (Xinhua) — Singapore registered over 5,000 dengue cases in the first quarter this year, more than double the 2,360 cases reported in the same period in 2023, according to a statement issued by the National Environment Agency (NEA) Sunday.
Seven dengue deaths were notified in the island state as of March 25, the NEA added.
The number of dengue cases dropped to 9,949 in 2023 from the 32,173 cases seen in 2022, data showed.
The NEA vows continuous efforts to prevent mosquito breeding and calls on the public to take measures against dengue, including breaking up hardened soil, spraying insecticide in dark corners, and removing stagnant water. ■
Photo- Workers spray pesticide as part of the fight against dengue fever outside the Esplanade arts center in Singapore on May 20, 2020. (Photo by Then Chih Wey/Xinhua)