Connect with us

Media

ဗီဇာကင်းလွတ်ခွင့်မူဝါဒက တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ထိုင်းခရီးသွားများ တိုးလာစေ

ရှစ်ဆောင်ပဏ္ဏား၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်မှာ မတ် ၁ ရက်မှ စတင်ခဲ့ရာ ယခုအခါတွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
မတ်လတွင် လာအိုနိုင်ငံ နယ်စပ် တရုတ်နိုင်ငံရှိ မိုဟန်အဝင်-အထွက် နယ်စပ်စစ်ဆေးရေးစခန်းက ထိုင်းနိုင်ငံသား ဦးရေ ၂,၁၀၀ ဝင်ရောက်မှုအား ဖြတ်သွားခွင့်ပြုခဲ့ကြောင်း သိရသည်။
၎င်းတို့အနက် ၆၂၉ ဦးက တရုတ်-လာအို ရထားလမ်း မိုဟန်စခန်းမှတစ်ဆင့် လာရောက်လည်ပတ်ခဲ့ကာ ဖေဖော်ဝါရီလကထက် ၇၅၀ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။
တရုတ်-လာအို ရထားလမ်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတို့အား ဆက်သွယ်ထားကြောင်း သိရသည်။
ထိုင်းခရီးသွားအများအပြားက လာအို-ထိုင်းနယ်စပ် ဖြတ်ကျော်နေရာများမှတစ်ဆင့် လာအိုနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီးနောက် တရုတ်-လာအို ရထားလမ်းဖြင့် ခရီးဆက်ကြကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Visa-free policy drives surge in Thai travelers via China-Laos Railway
It’s been a month since a mutual visa exemption agreement between China and Thailand took effect on March 1.
In March, the exit-entry frontier inspection station in Mohan on China’s border with Laos cleared 2,100 in-bound visits by Thai nationals.
Among them, 629 visits were made through the Mohan port of China-Laos Railway, representing a month-on-month increase of 750%.
The China-Laos Railway connects Kunming in China’s Yunnan Province with the Lao capital Vientiane.
Many Thai travelers enter Laos at crossings on the Laos-Thailand border and continue their journey on the China-Laos Railway.
Xinhua News Agency correspondents reporting from Xishuangbanna, China.(XHTV)