Connect with us

Asia

အိန္ဒိယနိုင်ငံ မဏိပူရ၌ ပေါက်ကွဲမှုများကြောင့် အရေးပါသည့် တံတားတစ်စင်းပျက်စီး

နယူးဒေလီ ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် မဏိပူရ၌ ဧပြီ ၂၄ ရက်က ပေါက်ကွဲမှုသုံးခုထက်မနည်း ဖြစ်ပွားခဲ့သည်ဟု အရာရှိများက ပြောသည်။ယင်းသို့ ပေါက်ကွဲမှုကြောင့် အရေးပါသည့် တံတားတစ်စင်းပျက်စီးသွားကြောင်း အာဏာပိုင်များကပြောသည်။ ဧပြီ ၂၄ ရက် အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကန်ပေါ့ကီခရိုင်ရှိ တံတားတစ်စင်း ပျက်စီးသွားခဲ့ရသည်။ယင်းသို့ ပေါက်ကွဲမှုကြောင့် အင်ဖာမြို့နှင့် ဒီမာပူရမြို့တို့ကို ဆက်သွယ်ပေးထားသည့် အမျိုးသား အဝေးပြေးလမ်းမကြီး အမှတ် (၂) တွင် ယာဉ်အသွားအလာများ ထိခိုက်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ဝင်များကပြောသည်။ သို့သော်လည်း ပေါက်ကွဲမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိချေ။ အခင်းဖြစ်ပွားသည့် နေရာကို ရဲများက ပိတ်ဆို့ထားပြီး အခြားသော တံတားများကိုလည်း ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြသည်။ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ကို ယခုအချိန်အထိ မသိရသေးချေ။ ဧပြီ ၂၂ ရက် ညနေပိုင်းကလည်း ပဋိပက္ခဖြစ်ပွားနေသည့် အုပ်စုနှစ်စုကြား စေတနာ့ဝန်ထမ်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ နှစ်ဖက်စလုံးက ပြင်းထန်သည့်လက်နက်များ အသုံးပြုကာတိုက်ခိုက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ (Xinhua)
……………………………

Blasts damage crucial bridge in India’s Manipur

NEW DELHI, April 24 (Xinhua) — At least three blasts damaged a crucial bridge in India’s northeastern state of Manipur Wednesday, officials said.

The blasts took place early Wednesday, damaging a bridge in the Kangpokpi district.
According to police, the blasts caused multiple craters in the bridge and thus affected the movement of vehicular traffic along National Highway-2 which connects Imphal to Dimapur in Nagaland.
However, no one was killed or injured in the blasts.

“The government forces have cordoned off the nearby areas and other bridges are being searched and checked.”
So far, no group in the state has claimed responsibility for the blasts.
Reports said on Monday evening, clashes erupted between village volunteers representing two conflicting communities in the Imphal West district.
According to police, both sides have been using sophisticated firearms in gun battles.■