Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသူ ခြောက်ဦးရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် နေအိမ်မှ အွန်လိုင်းသင်တန်းတက်ရောက်နေသော ကျောင်းသူတစ်ဦးကို ၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၈ ရက်အထိ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးသူခြောက်ဦးထိရှိပြီး အပူချိန်မြင့်တက်မှုနှင့် ဆက်စပ်သော ဖျားနာမှုဝေဒနာခံစားရသူ အနည်းဆုံး ၃၄ ဦးရှိကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ပြောကြားသည်။အပူချိန်မြင့်တက်မှုကြောင့် ဖျားနာမှုဝေဒနာခံစားရသူအများစုမှာ ဖိလစ်ပိုင်အလယ်ပိုင်းရှိ ဗီဆာယာစ်ဒေသ၊ ဖိလစ်ပိုင်မြောက်ပိုင်းရှိ အီလိုကိုစ်ဒေသနှင့် ဖိလစ်ပိုင်တောင်ပိုင်းရှိ ဆိုဆာဂန်ဒေသတို့မှဖြစ်သည်။
မြို့တော်မနီလာ အပါအဝင် ဒေသငါးခုရှိ နယ်မြေ ၁၁ ခုတွင် စာသင်ကျောင်းများ ယာယီပိတ်ထားကြောင်းနှင့် အပူအညွှန်းကိန်း ၄၂ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက အန္တရာယ်ရှိနိုင်ကြောင်း ပြည်နယ်မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အပူချိန်အလွန်အမင်း မြင့်တက်လာပါက ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခန်းခြင်းနှင့် အပူကြောင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ နိုင်ငံတစ်ဝန်းရှိ အချို့နေရာများတွင် အပူအညွှန်းကိန်း ၅၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသဌာနက ယခုလအစောပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အပူချိန်မြင့်တက်မှုသည် လာမည့်လအထိ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အထူးသဖြင့် ကလေးငယ်များအား အပူချိန်မြင့်တက်မှုဒဏ်မှ ကာကွယ်ရန် အွန်လိုင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်။
အပူလွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ရန် ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်နှင့် ရေများများသောက်ရန် ဖိလစ်ပိုင် ကျန်းမာရေးဌာနက ညွှန်ကြားထားကြောင်းသိရသည်။ (Xinhua)
……………………….

Philippines tallies 6 heat-related deaths

MANILA, April 24 (Xinhua) — The Philippines’ Department of Health (DOH) on Wednesday said it has received at least 34 cases of heat-related illness, including six deaths, from January 1 to April 18 this year.
“The causes of death are still for verification,” DOH Assistant Secretary Albert Domingo said.
The 34 reported heat-related cases were from the central Visayas region in the central Philippines, the Ilocos region in the northern Philippines, and the Soccsksargen region in the southern Philippines.
Eleven areas in five regions, including Metro Manila, suspended in-person classes on Wednesday following the state weather bureau’s warning of heat indexes reaching “danger” level exceeding 42 degrees Celsius.
The bureau cautioned that exposure to hot weather may cause cramps, heat exhaustion, and even heat stroke.
Early this month, the bureau warned of a scorching heat index of up to 51 degrees Celsius in some areas across the archipelagic country. It said the sweltering heat will sizzle until next month.
Sweltering weather has forced schools nationwide to conduct online classes to protect students, especially children, from the high heat index sweeping the country.
To avoid potential complications from the extreme heat, the bureau advised the public to limit outdoor activities and drink plenty of water. ■

Photo- A fourth-grade student attends an online class at her home in Quezon City, the Philippines, April 5, 2024. (Xinhua/Rouelle Umali)