Connect with us

International Organizations

မက္ကဆီကိုသံရုံးကို အီကွေဒါ၏ ဝင်ရောက်စီးနင်းမှုကြောင့် ထိတ်လန့်တုန်လှုပ်မိဟု ကုလသမဂ္ဂအကြီးအကဲ ပြောကြား

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ဧပြီ ၅ ရက် နှောင်းပိုင်းတွင် ဖြစ်ပွါးခဲ့သည့် အီကွေဒေါနိုင်ငံက မက္ကဆီကို သံရုံးအား ဝင်ရောက်စီးနင်းမှုကြောင့် ထိတ်လန့်တုန်လှုပ် မိခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“အီကွေဒေါလုံခြုံရေးတပ်ဖွဲ့ဝင်များက ကွီတိုရှိ မက္ကဆီကိုသံရုံးအတွင်းသို့ အတင်းအကျပ်ဝင်ရောက်မှုကြောင့် အထွေထွေအတွင်းရေးမှူးချုပ်သည် ထိတ်လန့်တုန်လှုပ် မိသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းတို့ စီးနင်းဝင်ရောက်မှုသည် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအတွက် အရေးပါသည့် နိုင်ငံတကာဆက်ဆံရေးကို ထိခိုက်စေကြောင်း ဂူတာရက်က အလေးအနက်ပြောကြားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အစိုးရနှစ်ရပ်စလုံး၏ မတူညီမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။ (Xinhua )

………………………..
(English Version)
UN chief alarmed by Ecuador’s raid of Mexican Embassy
UNITED NATIONS, April 6 (Xinhua) — UN Secretary-General Antonio Guterres was alarmed by Ecuador’s raid of the Mexican Embassy late Friday, said his spokesman on Saturday.
“The secretary-general is alarmed at the forced entry of Ecuadoran security forces into the premises of the Mexican Embassy in Quito,” said Stephane Dujarric, the spokesman, in a statement. “He reaffirms the cardinal principle of the inviolability of diplomatic and consular premises and personnel, emphasizing that this principle must be respected in all cases, in accordance with international law.”
Guterres stressed that violations of this principle jeopardize the pursuit of normal international relations, which are critical for the advancement of cooperation between states, said the statement.
The secretary-general calls for moderation and exhorts both governments to solve their differences through peaceful means, it said. ■