Connect with us

China

ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများ ပေကျင်းမြို့သို့ ရောက်ရှိ

အာကာသယာဉ်မှူးများဖြစ်သည့် ထန်းဟုန်ပေါ၊ ထန်းစိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့အား တင်ဆောင်ထားသော ရှန်ကျိုး-၁၇ လူလိုက်ပါသောအာကာသယာဉ်၏ ကမ္ဘာမြေသို့အပြန် အာကာသယာဉ်အခန်းက တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသရှိ တုန်းဖုန်း မြေပြင်ဆင်းသက်နေရာသို့ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်က ဆင်းသက်လာစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများသည် ခြောက်လကြာ အာကာသစခန်းမစ်ရှင်ပြီးနောက် မေ ၁ ရက် နံနက်အစောပိုင်း၌ လေယာဉ်ဖြင့် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။ အာကာသယာဉ်မှူးများဖြစ်သော ထန်းဟုန်ပေါ၊ ထန်းစိန့်ကျယ်နှင့် ကျန်းရှင်းလျင်တို့ကို တင်ဆောင်လာသည့် ရှန်ကျိုး-၁၇ ၏ ကမ္ဘာမြေသို့အပြန် အာကာသယာဉ်အခန်း (return capsule) သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တုန်းဖုန်း မြေပြင်ဆင်းသက်နေရာသို့ ဧပြီ ၃၀ ရက် ပေကျင်းစံတော်ချိန် ညနေ ၅:၄၆ နာရီက ရောက်ရှိလာခဲ့ပြီး ည ၆:၃၇ နာရီတွင်မူ အာကာသယာဉ်မှူးများအားလုံး return capsule အတွင်းမှ ထွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) ထံမှ သိရသည်။ (Xinhua)

……………………………………..

(English Version)

Shenzhou-17 astronauts arrive in Beijing
BEIJING, May 1 (Xinhua) — The three-member Shenzhou-17 crew arrived in Beijing by plane early on Wednesday after a six-month space station mission. On Tuesday, Shenzhou-17’s return capsule, carrying astronauts Tang Hongbo, Tang Shengjie and Jiang Xinlin, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region at 5:46 p.m. (Beijing Time), and the crew all left the return capsule by 6:37 p.m., according to the China Manned Space Agency (CMSA).
Photo 1: This combo photo taken on April 30, 2024 shows the return capsule of the Shenzhou-17 manned spaceship carrying astronauts Tang Hongbo, Tang Shengjie and Jiang Xinlin, touching down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region, April 30, 2024. (Xinhua/Lian Zhen)