Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Sok Chenda Sophea တို့ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Sok Chenda Sophea နှင့် မြို့တော် ပေကျင်း၌ မေ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ရိက ယုံကြည်ရသောမိတ်ဆွေဟု ထည့်သွင်းပြောကြားခဲ့သလို တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အောင်အောင်မြင်မြင် လျှောက်လှမ်းခြင်း၊ တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်ခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများ၌ ပိုမိုအရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခြင်း စသည်တို့၌ အခိုင်အမာထောက်ခံလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TNy

တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Sok Chenda Sophea တို့ မြို့တော် ပေကျင်းတွင် ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Chinese FM holds talks with Cambodian deputy PM
BEIJING, May 24 (Xinhua) — Chinese Foreign Minister Wang Yi held talks with Sok Chenda Sophea, Cambodian deputy prime minister and minister of foreign affairs and international cooperation, on Friday in Beijing. Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that as a staunch friend, China firmly supports Cambodia in pursuing a successful development path suited to its national conditions, in maintaining stability, promoting development and improving its people’s livelihoods, and in playing a more important role in international and regional affairs.
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Sok Chenda Sophea, Cambodian deputy prime minister and minister of foreign affairs and international cooperation, in Beijing, capital of China, May 24, 2024. (Xinhua/Chen Bin)