Connect with us

News

အသက် ၇၀ အရွယ် တရုတ်နိုင်ငံသား ဧဝရက်တောင်ထိပ်သို့ အောင်မြင်စွာတက်ရောက်

လားဆ၊ မေ ၂၅ ရက် (ဆင်ဟွာ)

အသက် ၇၀ အရွယ် တရုတ်တောင်တက်သမားတစ်ဦးဖြစ်သည့် ဝမ်ကျန်းသည် ချိုမိုလန်းမားတောင်ထိပ် (ဧဝရက်တောင်ထိပ်) သို့ မေ၂၁ ရက်က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး အဆိုပါ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်သည့် အသက်အကြီးဆုံး တရုတ်နိုင်ငံသား တောင်တက်သမားတစ်ဦးဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံအနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်တက်အဖွဲ့က ပြောကြားသည်။

ဝမ်နှင့် ၎င်း၏တောင်တက်အဖွဲ့သည် မေ၂၃ ရက်က မီတာ ၅,၂၀၀ အကွာရှိ အခြေစိုက်စခန်းသို့ဘေးကင်းစွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။

ဝမ်သည် တရုတ်နိုင်ငံ၏ မျိုးရိုးဗီဇကုမ္ပဏီကြီး ဘီဂျီအိုင်အုပ်စု၏ ဒါရိုက်တာဘုတ်အဖွဲ့ ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ ၎င်းသည် ၂၀၁၀ ပြည့်နှစ် မေလတွင် အဆိုပါတောင်ထိပ်သို့ တောင်ဘက် တောင်တက်လမ်းကြောင်းမှ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ် အောင်မြင်စွာတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ ဘီဂျီအိုင်တောင်တက်အဖွဲ့သည် ယခုနှစ် ဧပြီ ၁၈ ရက်က ဧဝရက်တောင်တက်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ပြီး မြောက်ဘက်တောင်တက်လမ်းကြောင်းမှ တက်ရောက်အောင်မြင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

——————————–
(English Version)
70-year-old Wang Jian becomes oldest Chinese to reach summit of Mt. Qomolangma
LHASA, May 24 (Xinhua) — A 70-year-old Chinese mountaineer, Wang Jian, successfully reached the summit of Mount Qomolangma from the north slope on Tuesday, making him the oldest Chinese mountaineer to reach the summit of Mount Qomolangma, according to the Mountaineering Association of southwest China’s Xizang Autonomous Region.
Wang and his team safely descended to the base camp at 5,200 meters on Thursday.
Wang is the co-founder and chairman of the board of directors of China’s genomics giant, BGI Group. This is his second time reaching the summit of Mount Qomolangma, as he had previously climbed from the south slope in May 2010.
On April 18, he led the BGI mountaineering team to arrive at the base camp and started climbing from the north slope. ■
Photo: This photo taken on May 21, 2024 shows Wang Jian (C) poses with his guides at the summit of Mount Qomolangma, in southwest China’s Xizang Autonomous Region. (Photo by Zhou Qianlong/Xinhua)