China
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှုများက “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ရန်စမှုများကို ပြတ်ပြတ်သားသား ဒဏ်ခတ်မှုဖြစ်ဟု ပြောရေးဆိုခွင့်ရှိသူ ပြော

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်း စစ်ဒေသကြီး၏ စစ်ရေးလေ့ကျင့်မှုများက လိုက်ချင်းသဲ ဦးဆောင်သော ထိုင်ဝမ်တာဝန်ရှိသူများ၏ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ဟူသော ပေါ်ပေါ်ထင်ထင် ရန်စမှုများကို ပြတ်ပြတ်သားသား ဒဏ်ခတ်မှုဖြစ်ကြောင်း တရုတ်ပြည်မကြီး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုများမှာ ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေသော ခွဲထွက်ရေးအင်အားစုများကို ပြင်းပြင်းထန်ထန် သတိပေးမှုဖြစ်သကဲ့သို့ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည်စုံမှုကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေလိုအပ်သော လုပ်ဆောင်မှုလည်းဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ပြောကြားခဲ့သည်။
“ထိုင်ဝမ် သီးခြားခွဲထွက်ရေးဆိုတာက စစ်ပွဲလို့ အဓိပ္ပာယ်သက်ရောက်ပြီး ထိုင်ဝမ် သီးခြားခွဲထွက်ရေးကို ဇွတ်တိုးလုပ်ဆောင်နေခြင်းကလည်း ထိုင်ဝမ်ပြည်သူတွေကို အလွန်အန္တရာယ်များတဲ့ အခြေအနေဆီ တွန်းပို့နေတဲ့ သဘောပဲဖြစ်တယ်” ဟု ကျူးက ဆိုသည်။
တရုတ်ပြည်မကြီးအနေဖြင့် ထိုင်ဝမ် သီးခြားခွဲထွက်ရေးအတွက် ကြိုးပမ်းနေတဲ့ လုပ်ရပ်မှန်သမျှကို လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
PLA ၏ အရှေ့ပိုင်းစစ်ဒေသကြီးက ထိုင်ဝမ်ကျွန်းအား အရပ်မျက်နှာအသီးသီးမှ ဝိုင်းပတ်ရန် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးလက်နက်တပ်ဖွဲ့များကို စုဖွဲ့ပြင်ဆင်လျက် အဆိုပါကျွန်းအနီးတစ်ဝိုက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း PLA က ဧပြီ ၁ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2py
…………………………………………………………………………
(English Version)
PLA exercises resolute punishment for “Taiwan independence” provocations: spokesperson
BEIJING, April 1 (Xinhua) — The military exercises of the Chinese People’s Liberation Army (PLA) Eastern Theater Command around Taiwan Island serve as a resolute punishment for Lai Ching-te authorities’ blatant “Taiwan independence” provocations, said a mainland spokesperson on Tuesday.
The exercises are also a stern warning to separatist forces attempting to undermine peace in the Taiwan Strait, and a necessary action to safeguard national sovereignty and territorial integrity, said Zhu Fenglian, a State Council Taiwan Affairs Office spokesperson.
“‘Taiwan independence’ means war, and pursuing ‘Taiwan independence’ means pushing the people of Taiwan into a perilous situation,” Zhu said.
The mainland will neither tolerate nor leave any room for activities seeking “Taiwan independence,” she said.
The PLA announced earlier on Tuesday that its Eastern Theater Command has started to conduct joint exercises around Taiwan Island, organizing army, navy, air and rocket forces to close in on the island from multiple directions. xhtxs.cn/2py
English Caption
This photo taken on April 9, 2023 shows a J-15 fighter taking off from aircraft carrier Shandong during the combat readiness patrol and military exercises around the Taiwan Island by the Eastern Theater Command of the Chinese People’s Liberation Army (PLA). (Photo by An Ni/Xinhua)