Connect with us

China

တရုတ်နိုင်ငံက ဆက်သွယ်ရေးဂြိုဟ်တုအသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ "ChinaSat 26" ဂြိုဟ်တုကို တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဆက်သွယ်ရေးဂြိုဟ်တုအသစ်တစ်စင်း ဖေဖော်ဝါရီ ၂၃ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ “ChinaSat 26” ဂြိုဟ်တုသည် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၇:၄၉ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

၎င်းဂြိုဟ်တုကို ဆိပ်ကမ်းများ၊ ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း ဆိပ်ကမ်းများအတွက် မြန်နှုန်းမြင့် broadband access ဝန်ဆောင်မှုများကို အဓိကပံ့ပိုးပေးမည်ဖြစ်သည်။ ယင်းဂြိုဟ်တုမှာတရုတ်နိုင်ငံ၏ အဓိက အာကာသအခြေခံအဆောက်အအုံ ဥပမာတစ်ခုလည်းဖြစ်ပြီး အင်တာနက်နှင့် ဆက်သွယ်ရေး ထပ်ဆင့်ထုတ်လွှင့်မှုအင်တာနက်ဆိုင်ရာ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန် ထုတ်လုပ်ထားသော မျိုးဆက်သစ်ဂြိုဟ်တုတစ်စင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China launches new communications satellite
China on Thursday sent a new communications satellite into orbit from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The “ChinaSat 26” satellite was launched at 7:49 p.m. (Beijing Time) by a Long March-3B carrier rocket.
The satellite will mainly provide high-speed broadband access services for fixed terminals as well as vehicle-mounted, shipborne and airborne terminals.
It is an example of China’s major space infrastructure. It is a new-generation satellite that is developed to meet the demand for satellite internet and communication transmissions. xhtxs.cn/E1w
Photo: A Long March-3B carrier rocket carrying the “ChinaSat 26” satellite blasts off from the Xichang Satellite Launch Center in southwest China’s Sichuan Province, Feb. 23, 2023. (Photo by Liu Guanghui/Xinhua)