Connect with us

Videos

အချို့သောအနောက်နိုင်ငံများ ဒုတိယကမ္ဘာစစ် သမိုင်းကြောင်းကို လိုရာဆွဲပြီး လွဲမှားအောင် ပြုလုပ်နေဟု ပူတင်ပြောကြား

မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ)

၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့(V-Day) အထိမ်းအမှတ်အခမ်းအနားအဖြစ် မေ ၉ ရက်တွင် မော်စကိုမြို့ ရင်ပြင်နီ၌ ရုရှားနိုင်ငံက ကြီးကျယ်ခမ်းနားသောစစ်ရေးပြချီတက်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်ပတ်လည်ဂုဏ်ပြုအခမ်းအနား၌ တပ်ဖွဲ့ဝင်များ နှင့် တက်ရောက်လာသော ဧည့်သည်တော်များအား ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က မိန့်ခွန်းပြောကြားရာတွင် “နာဇီဝါဒကိုခြေမှုန်းပစ်ခဲ့တာရယ် ၊ ကျွန်ုပ်တို့အပေါ် ကျူးကျော်ရန်စမှုကို နှိမ်နင်းခဲ့တာရယ်ကို နောင်လာနောင်သားတွေ အမြဲအမှတ်ရနေဖို့ ဆက်လက်ထိန်းသိမ်းသွားရမဲ့တာဝန်ရှိပါတယ် ၊ ဒီလို ကြောက်မက်ဖွယ် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတွေ နောက်ထပ်တစ်ဖန် ထပ်မံ ပေါ်ပေါက်မလာဖို့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်သွားရမှာပါ ” ဟုဆိုသည်။

ရုရှားနိုင်ငံသည် တန်တူညီမျှပြီး သီးခြားလွတ်လပ်သော လုံခြုံရေးစနစ်တစ်ခု ဖန်တီးရန်အတွက် အစဉ်တစ်စိုက်ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ယင်းမှာ ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်အရေးပါသော စနစ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ရေးပြပွဲတွင် ရုရှားတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်သည် အဖွဲ့ငယ် စုဖွဲ့မှုပုံစံ ၃၃ ဖွဲ့ဖြင့် ရင်ပြင်နီကို ဖြတ်၍ ချီတက်အလေးပြုခဲ့ကြပြီး ၎င်းတို့နောက်တွင် ခေတ်မီစစ်လက်နက်များ နှင့် စစ်ဘက်သုံး ပစ္စည်းကိရိယာစုစုပေါင်း ၁၃၁ မျိုးတင်ဆောင်ထားသော စစ်ယာဉ်တန်းကြီးက လိုက်ပါချီတက်ခဲ့ကြောင်းသိရသည်။

စစ်ရေးပြပွဲကို အချိန် တစ်နာရီကြာခန့် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းချီ ဂုဏ်ပြုအလေးပြုမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ရကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
GLOBALink | Russia holds military parade to mark V-Day
Russia held a grand military parade in central Moscow’s Red Square on Monday to commemorate the 77th anniversary of the Soviet Union’s victory in the Great Patriotic War.
In an address to troops and guests ahead of the annual event, Russian President Vladimir Putin said, “it is our duty to keep the memory of those who crushed Nazism and bequeathed vigilance to us, and do everything so that the horror of a global war does not happen again.”
Russia has always advocated for creating a system of equal and indivisible security, a system that is vital for the entire world community, he said.
About 11,000 soldiers in 33 formations marched across Red Square, followed by a mechanized convoy of 131 modern weapons and military equipment.
The ceremony lasted about one hour, and the aviation part of the parade was canceled due to weather conditions.
Produced by Xinhua Global Service■