Connect with us

Videos

ရပ်ဝန်းနှင့်ပိုးလမ်းမအစပျိုးဖော်ဆောင်မှုက တစ်ကမ္ဘာလုံးအတွက်အခြေခံအဆောက်အဦ နှင့် ကူးသန်းရောင်းဝယ်မှု ကို မြှင့်တင်ပေး

ကီဂါလီ၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုသည့် ရပ်ဝန်းနှင့်ပိုးလမ်းမအစပျိုးဖော်ဆောင်မှုသည် နိုင်ငံများအား စီးပွားရေးအဆင့်မြှင့်တင်မှုမှတစ်ဆင့် တစ်ကမ္ဘာလုံးအတွက် အခြေခံအဆောက်အဦနှင့်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ရဝမ်ဒါ တရုတ်ကျောင်းသားဟောင်းများ အဖွဲ့အစည်းဥက္ကဌဖြစ်သူ Theoneste Higaniro က ပြောကြားခဲ့သည်။

THEONESTE HIGANIRO က “ ရပ်ဝန်းနှင့်ပိုးလမ်းမ အစပျိုးဖော်ဆောင်မှုဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုနဲ့ တရုတ်နိုင်ငံအစိုးရက စတင်ခဲ့တာဖြစ်ပြီး သူတို့ဟာ တစ်ကမ္ဘာလုံးမှာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု နဲ့ နိုင်ငံအချင်းချင်းချိတ်ဆက်မှုကို မြှင့်တင်နိုင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်၊ သူ့ရဲ့အဓိပ္ပါယ်ကတော့ အဲဒီ အစပျိုးဖော်ဆောင်မှု နဲ့ တရုတ်နိုင်ငံရဲ့ကွန်မြူနစ်ပါတီ ဒါမှမဟုတ် တရုတ်နိုင်ငံသားတွေဟာ ကမ္ဘာတစ်ဝန်းလုံးကို လွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်ပါတယ်၊ ဘာလို့လည်းဆိုတော့ ခင်ဗျားတို့မှာအခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု ရှိလာပြီ၊ ခင်ဗျားတို့မှာသယ်ယူပို့ဆောင်မှုတွေရှိလာပြီ၊ ခင်ဗျားတို့မှာ ကုန်စည်သယ်ယူပို့ဆောင်ရေးဂိတ်တွေဆိပ်ကမ်းတွေရှိလာပြီ ၊လေဆိပ်တွေကိုတည်ဆောက်ထားနိုင်ပြီး ဒီအစပျိုးဖော်ဆောင်မှုကိုအထောက်အပံ့ပြုလာနိုင်ပြီဆိုရင် ကုန်စည်ကူးသန်းရောင်းဝယ်ဖို့ဆိုတာ လွယ်ကူလာမှာဖြစ်ပါတယ်။ နောက်ပြီး ရဝမ်ဒါနိုင်ငံတစ်နိုင်ငံထဲတင်မဟုတ်ပါဘူး အာဖရိကတိုက်နိုင်ငံ အများစုမှာပါ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်တဲ့ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ ၊လမ်းတွေ စတာတွေမှာကျွန်တော်တို့ဟာ နောက်ကောက်ကျနေပါပြီ။

တကယ်လို့ကျွန်တော်တို့ဟာ တရုတ်နိုင်ငံ အစိုးရနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် သူတို့ဟာ များသောအားဖြင့် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်သာတဲ့ချေးငွေကို သိပ်ကိုနည်းပါးတဲ့ အနိမ့်ဆုံးအတိုးနှုန်းနဲ့ ချေးငွေချပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီ ဘဏ္ဍာငွေကြေးကိုအသုံးချပြီးတော့ အခြေခံအဆောက်အဦဆိုတာတွေကို တည်တံ့ခိုင်မာအောင်လုပ်ဆောင်နိုင်တယ်၊ ဒီတော့ကျွန်တော်ထင်တာကတော့ CPC ဟာ လမ်းကြောင်းတစ်ခုကို ဦးဆောင်တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့လူဦးရေအားလုံး ကောင်းစွာနေထိုင်နိုင်ဖို့ဦးတည်တာဖြစ်ပါတယ်၊ ဘာလို့လည်းဆိုတော့ ဒီအစပျိုးဖော်ဆောင်မှုက တရုတ်လူမျိုးတွေအတွက်ပဲ အကျိုးအမြတ်ဖြစ်စေတာမဟုတ်ပါဘူး၊ အာဖရိကလူမျိုးတွေကိုပဲအကျိုးအမြတ်ဖြစ်စေတာမဟုတ်ပါဘူး၊ ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေအားလုံးအတွက်အကျိုးအမြတ်ဖြစ်ထွန်းစေပါတယ်” ဟုဆိုသည်။ (Xinhua)

…………………..
(English Version)

GLOBALink | China-proposed BRI boosts infrastructure development and trade across the world: expert
KIGALI, May 7 (Xinhua) — A Rwandan expert has said that the China-proposed Belt and Road Initiative boosts infrastructure development and trade across the world through economic integration of countries. #GLOBALink