Connect with us

Media

ရုရှားနိုင်ငံက ယခုနှစ်ကုန်တွင် နိုင်ငံ၏ပထမဆုံး Sarmat ပဲ့ထိန်းဒုံးကျည်စနစ်ကို တပ်ဖြန့်ချထားမည် ဟု ပူတင်ဆို

မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတက နိုင်ငံ၏ပထမဆုံး  Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ်ကို ယခုနှစ်ကုန်ပိုင်းတွင် စစ်မြေပြင်၌ စတင်တပ်ဖြန့်ချထားမည်ဟုဆိုသည်။

စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် အစည်းအဝေးအတွင်း ပူတင်က “ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိတို့ရဲ့ တပ်မတော်ကို ပိုမိုအင်အားတောင့်တင်းပြီးဖွံ့ဖြိုးတိုးတက်စေဖို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း”ဆိုသည်။

အလားတူ ယူကရိန်းနိုင်ငံဘက်ကလည်း ဂျာမနီနိုင်ငံထုတ် ၁၅၅ မီလီမီတာ အလိုအလျောက်ပစ်ခွင်းနိုင်သည့် ဟောင်ဝစ်ဇာ ၂၀၀၀ အမြောက်လက်နက်များကိုလက်ခံရရှိထားပြီးဖြစ်ကြောင်း ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ဆိုသည်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး Reznikov  က “ဂျာမနီထုတ် ဟောင်ဝစ်ဇာ ၂၀၀၀ အမြောက်တွေနဲ့ ကောင်းစွာလေ့ကျင့်ထားတဲ့ယူကရိန်း တပ်ဖွဲ့တွေက ယူကရိန်းအမြောက်တပ်ဖွဲ့နှင့်ပေါင်းစည်းမိပြီဖြစ်ကြောင်း” ၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။

အဆိုပါနေ့တွင် ရုရှားနိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဥရောပ သမဂ္ဂ EU၏ ရုရှားနိုင်ငံဆိုင်ရာကိုယ်စားလှယ် Markus Ederer အား ဆင့်ခေါ်ပြီး Kaliningrad ဒေသနှင့် အခြား ရုရှားနယ်နိမိတ်တွေအကြား ကုန်စည် သယ်ယူပို့ဆောင်မှု ကန့်သတ်မှု အား ပယ်ဖျက်ပေးရန်တောင်းဆိုခဲ့သည်။

 

ဝန်ကြီးဌာနက ကန့်သတ်ချက်များအား ချက်ချင်းဖယ်ရှားပေးရန်တောင်းဆိုခဲ့ပြီး အကယ်၍ ကုန်ပစ္စည်းများဖြတ်သန်းခွင့် ပြန်လည်မရရှိပါက လက်တုန့်ပြန်သွားမည်ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်တွင် လစ်သူယေးနီးယား နိုင်ငံက ၎င်းတို့အနေဖြင့် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ၎င်းတို့၏ နယ်နိမိတ်မှ ရုရှားနိုင်ငံ Kaliningrad ဒေသသို့ ကုန်စည်သယ်ယူပို့ဆောင်မည့် ရထားဝန်ဆောင်မှုပြုလုပ်ခြင်းကို တားမြစ်ကန့်သတ်သွားမည်ဖြစ်ကြောင်းကြေညာခဲ့သည်။ (Xinhua)

……………………………..

(English Version)

GLOBALink | Russia to deploy Sarmat ballistic missile system by year end: Putin

MOSCOW, June 22 (Xinhua) — Russian president said Tuesday that the country’s first Sarmat intercontinental ballistic missile system would enter combat duty by end of the year.

During his meeting with military academy graduates, Putin said that “We will continue to develop and strengthen our armed forces, taking into account potential military threats and risks.”

Meanwhile, Ukraine has received 155-millimeter self-propelled howitzers Panzerhaubitze 2000s from Germany.

Reznikov wrote on Facebook that “German Panzerhaubitze 2000s with trained Ukrainian crews have joined the Ukrainian artillery family.”

Also on the day, the Russian Foreign Ministry summoned the head of the European Union (EU) Delegation to Russia Markus Ederer to protest against the restrictions on cargo transit between the Kaliningrad region and the rest of the Russian territory.

The ministry demanded the restrictions be lifted immediately, saying retaliation would follow if cargo transit was not restored.

Last week, Lithuania announced that it would ban the rail transit of goods subject to EU sanctions through its territory to the Russian enclave of Kaliningrad.

Produced by Xinhua Global Service