Connect with us

Media

သေဆုံးသူ ဦးရေ  ၁၀၀၀ ကျော် အထိ ရှိလာသည့် အာဖဂန်ငလျင်၏ နောက်ဆုံးရအချက်အလက်များ

ကဘူးလ်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း  ပက်တီကာ ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင် ကြောင့်  သေဆုံးသူ ဦးရေမှာ ၁,၀၀၀ ဦးကျော်အထိ ရှိလာခဲ့ပြီး နောက်ထပ်လူပေါင်း ၁,၅၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိထားပြီဖြစ်ကြောင်း နှင့်  ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်မှာထပ်မံတိုးပွားလာနိုင် ချေရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုရုပ်သံဖိုင်မှာ ပက်တီကာပြည်နယ်သို့ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်ကနောက်ဆုံးရရှိသည့်အခြေအနေများအားတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။

ဆင်ဟွာသတင်းထောက် အာရီယာ  က “ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မနက်ပိုင်း က ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်၊ အခုဆိုရင်သေဆုံးသူဦးရေဟာ ၁,၀၀၀ အထိရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေ ၁,၅၀၀ ကျော်ရှိနေပါပြီ၊ ကျွန်တော်ကတော့ ပက်တီကာပြည်နယ် ရဲ့ ငလျင်ဘေးသင့်တဲ့ကျေးရွာမှာရောက်နေတာပါ၊ ကျွန်တော်တို့ဟာပက်တီကာမှာရှိတဲ့ပြည်နယ်ဆေးရုံကိုလည်းသွားခဲ့ပြီးပါပြီ၊ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်အမြောက်အမြားဆေးရုံဂိတ်ပေါက်မှာစုဝေးရောက်ရှိနေကြပါတယ်။ ဆေးရုံမှာလည်း သွေးလှူဒါန်းနိုင်တဲ့နေရာတစ်ခုကိုဖွင့်လှစ်ထားလိုက်ပါပြီ၊ သွေးလှူဒါန်းလိုကြတဲ့  ပြည်သူတွေဟာဆေးရုံရဲ့ဂိတ်ပေါက်ဝမှာတန်းစီစောင့်စားနေကြပါတယ်” ဆာဖာဟူဒင်ဆိုသူဟာ ဂါရန်ခရိုင်က ဒေသခံတစ်ဦးဖြစ်ပြီး ငလျင်ကြောင့် ကျေးရွာက အိမ်တွေအားလုံးပျက်စီးသွားခဲ့ပြီလို့ဆိုပါတယ်။

ဒေသခံ ဆာဖာဟူဒင်က  “ မနေ့ က မနက် အစောပိုင်း ခန့်မှန်းချိန် ၁ နာရီခွဲ (ဒေသစံတော်ချိန်) လောက်မှာ ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးတော့ ကျွန်တော်တို့ရွာက အိမ်တွေပျက်စီးကုန်တာပါ၊ ငလျင်ကြောင့်ထိခိုက်မှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေတော်တော်များများဖြစ်ပျက်သွားပါတယ်။ လူတွေလည်းတော်တော်သေကုန်ပါတယ်၊ အကူအညီကတော့ အခုအထိမရောက်သေးပါဘူး။ ကျွန်တော်တို့ အခင်းတွေလိုတယ်၊စောင်တွေလိုတယ်၊စားစရာတွေလိုတယ်၊ ယာယီတဲတွေလည်းလိုပါတယ်၊ ဒီကျေးရွာက လူတွေဟာ ငလျင်လှုပ်ပြီးကတည်းက မြေကြီးပေါ်မှာပဲနေနေရတာပါ၊ ကျွန်တော်တို့မှာ ယာယီတဲတစ်ခုတော့ရှိပါတယ်၊ ဒါပေမဲ့ အဲဒါက အစိတ်စိတ်အမွှာမွှာဖြစ်နေပါပြီသုံးလို့မရတော့ဘူးလေ။ အိမ်တွေလည်းပျက်စီးကုန်ပြီ။ ကျွန်တော်တို့အခင်းတွေလိုတယ်,စောင်တွေလိုတယ်၊ စားစရာတွေလိုတယ်၊ နေထိုင်ဖို့ယာယီတဲတွေလိုတယ်၊ကျွန်တော်တို့မှာအားလုံးပျက်စီးကုန်ပြီ ဘာမှမရှိတော့ပါဘူး”  ဟုဆိုသည်။

ပက်တီကာပြည်နယ် ဂါယန်ခရိုင်နှင့် အနီးရှိ ခို့စ်ပြည်နယ် ဆာပါရီ ခရိုင်တို့သည် ငလျင်ကြောင့်ထိခိုက်ခံရမှုအရှိဆုံးဒေသများဖြစ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာနက ငလျင်ကြောင့်သေဆုံးခဲ့ရသည့်လူတစ်ဦးချင်းစီအတွက် အာဖဂန်ငွေကြေး၁သိန်းစီ(အမေရိကန်ဒေါ်လာ ၁,၁၂၄ဒေါ်လာခန့်)  နှင့် ထိခိုက်ခဲ့သူတစ်ဦးလျှင် အာဖဂန်ငွေကြေး၅သောင်းစီ( အမေရိကန်ဒေါ်လာ ၅၅၈ခန့်)  အား ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများထံသို့ အသီးသီးပေးအပ်သွားရန်စီစဉ်ထားကြောင်း တာဝန်ရှိသူက ဆိုသည်။

ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်သည် ခို့စ်ပြည်နယ် အနောက်တောင်ဘက် ၄၄ ကီလိုမီတာကိုဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရသိရသည်။

ငလျင်ကြောင့် တောင်တန်းဒေသများတွင်အဓိက ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန က အသက်ကယ်ကိရိယာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား အဆိုပါဒေသသို့ ဟယ်လီကော်ပတာ ၇ စင်းဖြင့်ပို့ဆောင်ပေးခဲ့သည်။ ဆေးဘက်ဆိုင်ရာနှင့်ကယ်ဆယ်ရေးအဖွဲ့များက ငလျင်ဘေးသင့်ဒေသတွင်ကယ်ဆယ်ရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာနက တွစ်တာစာမျက်နှာတွင်ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးခွဲကလည်း ငလျင်ဘေးသင့်ဒေသရှိပြည်သူများအတွက် လိုအပ်သည့်အထောက်အပံ့များပံ့ပိုးပေးရန်ဆေးဘက်ဆိုင်ရာအဖွဲ့များအားစေလွှတ်ထားခဲ့ကြောင်းသိရသည်။(Xinhua)

——————-

(English Version)

Death toll of Afghanistan’s quake surpasses 1,000: official

The death toll from an earthquake that struck eastern Afghanistan early Wednesday has surpassed 1,000, while more than 1,500 people were injured, a provincial official said, adding the number of casualties might rise further.

STANDUP (English): ARIA, Xinhua reporter

“An earthquake struck eastern Afghanistan early Today (Wednesday). The death toll has reached 1,000. More than 1,500 people were injured. I’m at a village struck by the earthquake in Paktika province. I have also visited the provincial hospital in Paktika. A large number of relatives of the injured gathered at the gate of the hospital. The hospital has opened a blood donation channel. People who are willing to donate blood have lined up at the gate of the hospital.”

Saffuddin, a resident in Gayan district, said the quake has destroyed houses in the village.

SOUNDBITE: SAFFUDDIN, Resident of Gayan district

“The incident happened last night roughly at 1:30 a.m. (local time) when a strong earthquake occurred and houses in our village were destroyed. The quake has caused casualties, serious damage and destruction. Many were killed in the quake. The assistance has not reached here so far. We need carpets. We need blankets. We need foodstuff. We need tents. People in this village are living on the ground after the quake. We have one tent, but is torn in parts, it is not useable. Houses are destroyed. We need carpets. We need blankets. We need foodstuff. We need tents. And we lost everything, everything has gone.”

Gayan district in Paktika province and Sapari district of neighboring Khost province were the worst-hit areas.

The disaster and humanitarian body has planned to pay 100,000 afghani (about 1,124 U.S. dollars) to the family of any individual killed and 50,000 afghani (about 558 U.S. dollars) to anyone injured in the earthquake, according to Muslim.

The quake, with a magnitude of 5.9, jolted 44 km southwest of Khost, according to the U.S. Geological Survey.

The quake jolted mountainous areas and the Ministry of Defense dispatched seven helicopters with life-saving equipment and medical personnel to the area, while medical and rescue teams were also on the way to the affected areas, the ministry said on Twitter.

The Afghan Red Crescent Society (ARCS) has also dispatched rescue workers, health teams and volunteers to help those affected by the earthquake, the agency wrote on Twitter.

World Health Organization (WHO) country office in Afghanistan also sent medical teams to provide assistance to the affected people.

Produced by Xinhua Global Service