Connect with us

Media

တရုတ်နိုင်ငံတွင် နာမည်ကျော်နေသည့် အသက် ၁၀ နှစ်အရွယ် စားဖိုမှူးကလေးငယ်

ကျန်းဆူး၊ မေ ၂၇ ရက် (ဆင်ဟွာ)

အသက် ၁၀ နှစ်အရွယ် Sun Jiarui အမည်ရှိ စားဖိုမှူးကလေးငယ်တစ်ဦးသည် အလေးချိန် ၂ ကီလိုခန့်ရှိသည့် ခေါက်ဆွဲများကို မီးတောက်များအတွင်း ပေါ့ပ်ဂီတ စီးချက်နှင့်အညီ ဟန်ချက်ညီညီ ကျွမ်းကျင်စွာချက်ပြုတ်တတ်သူတစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် Wuxi မြို့ရှိ မူလတန်းကျောင်းတွင် တက်ရောက်နေသည့် စတုတ္တတန်းကျောင်းသူ Sun သည် အရွယ်ရောက်ပြီးသူတစ်ဦးအတွက်ပင် မလွယ်ကူလှသည့် ဟင်းပွဲပေါင်း ၅၀ ကျော်ကို ချက်ပြုတ်နိုင်သူတစ်ဦးဖြစ်သည်။

စားဖိုမှူးငယ်လေး၏ ချက်ပြုတ်နေသည့် ဗီဒီယိုများကို အင်တာနက်စာမျက်နှာမှတစ်ဆင့် ကြည့်ရှုကြသူများက ၎င်း၏ အချက်အပြုတ်စွမ်းရည်ကိုအလွန်ချီးကျူးခဲ့ကြသည်။ Tik Tok နှင့်ဆင်တူသည့် Douyin account ပေါ်တွင် သူ(မ) သည် followers ပေါင်း ၈၃၀,၀၀၀ ဦးနှင့် like ပေါင်း ၉ သန်းကျော် ရရှိထားသူတစ်ဦးဖြစ်ပြီး သူ(မ) ၏ ဗီဒီယို များ ကို ကြည့်ရှုသူပေါင်း သန်း ၄၀ ကျော်ရှိခဲ့သည်။

“ ကျွန်တော့်သမီးက မီးဖိုဆောင်ထဲမှာပဲကြီးလာတာလေ” ဟု Wuxi မြို့ရှိ Farm စားသောက်ဆိုင်ပိုင်ရှင်နှင့်စားဖိုမှူးတစ်ဦးဖြစ်သူ Sun Yadong က ဆိုသည်။  “သူ(မ) က အသက် ၄ နှစ် ၅ နှစ်လောက်မှာ  မီးဖိုထဲမှာ ကူညီရင်း အသက် ၈ နှစ်လောက်ရောက်တော့ ကျောင်းကပြန်လာရင် သူ့ကို အချက်အပြုတ်သင်ပေးဖို့ပူဆာတာပါပဲ” ဟု ၎င်းကဆိုသည်။

“ ဟင်းချက်နည်းကို လက်ဆင့်ကမ်းပြီး ကျွမ်းကျင်အောင်တတ်တာသူ့အတွက်လည်းမဆိုးပါဘူး ဒီလိုတတ်မြောက်သွားတော့ အသက်ကြီးလာတဲ့အခါမှာ သူ့ဘာသာသူကောင်းကောင်းရပ်တည်နိုင်တာပေါ့” ဟု Sun Yadong က ထပ်လောင်းပြောကြားခဲ့သည်။ ၎င်းက သမီးဖြစ်သူ၏ အချက်အပြုတ် လေ့ကျင့်နေပုံများကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်သို့တင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ နာမည်ကြီးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြောင်းပြောကြားခဲ့သည်။

“စစချင်းကတော့ ဒီအတိုင်းစိတ်ဝင်စားရုံပါပဲ နောက်တော့ တဖြည်းဖြည်းနဲ့ သမီးလည်းချက်ပြုတ်ရတာကို နှစ်သက်သွားခဲ့တာပါ” ဟု Sun Jiarui  ကပြောကြားခဲ့ပြီး “ ချက်ပြုတ်ခြင်းက သမီးအတွက် အလုပ်ကောင်းကောင်းလုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်စေပါတယ်”

သူ(မ) သည် ကျောင်း ၏ အချက်အပြုတ်သင်တန်းတွင်လည်း ဆရာတစ်ဆူဖြစ်လာခဲ့သည်။ ပညာရေးဝန်ကြီးဌာန က ကျောင်းသားများနေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပါဝင်လုပ်ကိုင်မှုကိုအားပေးလိုသည့်ရည်ရွယ်ချက်ဖြင့် အိမ်မှုကိစ္စကျွမ်းကျင်မှု အရည်အချင်းများကိုလည်း တရုတ်နိုင်ငံ၌ ဆောင်းဦးရာသီမှစကာ မူလတန်းနှင့်အလယ်တန်းစာသင်နှစ်တွင် သင်ရိုးအဖြစ် ထည့်သွင်းသွားမည်ဟု‌မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ဟာ ကျောင်းမှာ အချက်အပြုတ်အခန်းတစ်ခန်းကိုတည်ဆောက်ခဲ့ပြီး အဲဒီမှာတော့ Sun Jiarui က သင်ကြားရေးမှူးတစ်ဦးဖြစ်ပါတယ်” ဟု ကျောင်းအုပ် ဆရာမ လီဟွာက ဆိုသည်။ Sun သည်လွယ်ကူရိုးရှင်းသော အာလူးကြော်နဲ့ ကြက်ဥဟင်းတို့ကဲ့သို့ ဟင်းလျာများကို အတန်းဖော်များအား သင်ကြားပေးကြောင်း ကျောင်းအုပ်ဆရာမဖြစ်သူက ပြောကြားခဲ့သည်။

“ကျောင်းသူကျောင်းသားတွေအဖို့ ပျော်စရာကောင်းတဲ့ ဟင်းချက်တဲ့အတွေ့အကြုံတွေနဲ့ သူတို့ရဲ့လုပ်အားနဲ့ချက်ပြုတ်ရတဲ့အတွေ့အကြုံပေးရတာ သိပ်ကိုကောင်းမွန်ပါတယ်” ဟု လီက ဆိုသည်။

“ဒါဟာ သူတို့အတွက် ဘဝမှာစိတ်အားထက်သန်မှုတွေရှိလာစေဖို့ ပျိုးထောင်ပေးနိုင်ပါလိမ့်မယ်”

“ဒီလို ကျွမ်းကျင်မှုဆိုင်ရာသင်ရိုးတွေဟာ သမီးတို့ကို လက်ဆင့်ကမ်းနိုင်မယ့်အခွင့်အလမ်းတွေအများကြီး ပေးနိုင်မှာဖြစ်တယ်လို့ မျှော်လင့်ပါတယ်၊ ဒီလိုမှပဲ သမီးတို့ဟာ အခြေခံ ကျွမ်းကျင်မှုတွေကို ပိုမိုပိုင်နိုင်လာမှာဖြစ်ပြီး သမီးတို့မိဘတွေရဲ့ တာဝန်တွေကိုလည်း ဝိုင်းဝန်းကူညီနိုင်မှာဖြစ်ပါတယ်” ဟု Sun Jiarui က ဆိုသည်။

အချက်အပြုတ် နှင့် အိမ်မှု ကိစ္စကဲ့သို့ အရေးပါသည့်စွမ်းရည်များအပြင် MOE အစီအစဉ်သည် ထုတ်လုပ်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုများတွင် ကလေးများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများ ကြွယ်ဝစေရန် ရည်ရွယ်ရေးဆွဲထားသည်။

“သင်ယူမှု နှင့် အတွေ့အကြုံများမှတစ်ဆင့် ကျောင်းသားများသည် အလုပ်အပေါ် လေးစားမှု၊ ဆန်းသစ်တီထွင်ပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်မှုစွမ်းရည်၊ လူမှုရေးတွင် တာဝန်သိစိတ်တို့ ရှိလာမည်” ဟု MOE မှ ဆိုသည်။

အင်တာနက်ပေါ်တွင် ပြည်သူများစွာကလည်း ဘဝတွက်တာကျွမ်းကျင်ရာ အစီအစဉ်ကို ချီးကျူးခဲ့ကြပြီး ဆန်းသစ်တီထွင်သည့်လှုပ်ရှားမှုအတွက် ထောက်ခံကြကြောင်း ဖော်ပြခဲ့ကြသည်။

“ကျောင်းဆိုတာ ဒီလိုပဲဖြစ်နေရမှာပေါ့” ဟု အင်တာနက်အသုံးပြုသူပြည်သူတစ်ဦးကလည်း မှတ်ချက်ပြုခဲ့သည်။(Xinhua)

…………………………………………

(English Version)

GLOBALink | 10-year-old girl becomes star chef in China

Rotating a 2-kg wok over a burning flame while swinging a ladle to the beat of pop music, 10-year-old Sun Jiarui makes her way around the kitchen like a veteran chef.

Sun, a fourth-grader at a primary school in the city of Wuxi, east China’s Jiangsu Province, can cook more than 50 types of delicacies, which is no easy feat even for an adult.

Short videos of the young cooking star have gone viral, as netizens marvel at her jaw-dropping cooking skills. She has garnered more than 830,000 followers and 9 million likes on her TikTok-like Douyin account, with her video clips boasting up to 40 million views.

“My daughter just grew up in the kitchen,” said Sun Yadong, who is also the owner and chef of a farm restaurant in Wuxi. “She started helping out with chores when she was around four or five, and when she was eight, she asked me to teach her to cook after school.”

“It’s not bad for her to master some hands-on life skills, so she can better take care of herself when she grows up,” Sun Yadong added. He shot a few videos of his daughter’s learning process and posted them online, but did not expect them to become smash hits.

“It was out of curiosity at first, but gradually, I fell in love with cooking,” said Sun Jiarui. “It gives me a strong sense of accomplishment.”

She has also become a teacher of her school’s cooking class. The Ministry of Education (MOE) has recently issued a document saying that education on practical labor skills will be incorporated into the curriculum of China’s primary and secondary schools from this year’s fall semester, aiming to encourage students to participate in daily life labor.

“We have set up a cooking studio at school and Sun Jiarui is one of the instructors,” said Li Hua, principal of the school, noting that Sun would teach her classmates to make simple dishes like eggs over easy and stir-fried potato slices.

“It’s a great thing for the students to experience the joy of cooking and the fruits of their labor,” said Li. “This will ultimately help cultivate their passion for life.”

“I hope that the life skill course can offer us more hands-on opportunities, so that we can master more basic life skills and share the burden of our parents,” said Sun Jiarui.

Apart from essential skills such as cooking and housekeeping, the MOE program is also designed to enrich their knowledge and skillset in production work and services.

“Through learning and experience, students will develop a respect for labor, the ability to innovate and apply what they learnt in real life, and a sense of social responsibility,” the MOE said.

Many netizens also hailed the life skill program and expressed their support for the fresh move.

“This is what schooling is supposed to be like,” read a comment by a netizen.

 

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.