Connect with us

Media

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ရေအားလျှပ်စစ် သိုလှောင်ရုံ အကြီးစား စီမံကိန်း တည်ဆောက်မှု စတင်

ကန်းကျစ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကန်းကျစ်(တိဗက်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ရေအားလျှပ်စစ် သိုလှောင်ရုံ အကြီးစား စီမံကိန်း တည်ဆောက်မှုကို ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ရှိ ရာလုံမြစ်ပေါ်က လျန်ဟဲခို ရေစုပ်-ရေလှောင် ရေအားလျှပ်စစ် စက်ရုံသည် တရုတ်နိုင်ငံရှိ အလားတူ ရေအားလျှပ်စစ်စက်ရုံများတွင် ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံး ဖြစ်သည်။

အဆိုပါစီမံကိန်းသည် မြစ်အထက်ပိုင်းရှိ လျန်ဟဲခိုရေအားလျှပ်စစ်စက်ရုံနှင့် မြစ်အောက်ပိုင်းရှိ ရာကန်းရေအားလျှပ်စစ်စက်ရုံ၏ ရေလှောင်ကန်နှစ်ခုကို အားထား၍ ၃၀၀,၀၀၀ ကီလိုဝပ်ရှိ ပြန်ပြောင်းယူနစ် ၄ ခု တပ်ဆင်ထားခြင်း ဖြစ်သည်။

စီမံကိန်း၏ စုစုပေါင်း စက်တပ်ဆင်စွမ်းရည်ကို ကီလိုဝပ် ၄.၂ သန်းအထိ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ ၎င်းတို့အနက် လျန်ဟဲခို ရေအားလျှပ်စစ်စက်ရုံမှာ ကီလိုဝပ် ၃ သန်း ပါဝင်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် စီချွမ်းပြည်နယ်ရှိ လျှပ်စစ်ဓါတ်အား ပေးဝေသည့် ထိရောက်မှု၊ လျှပ်စစ်ဓါတ်အားကွန်ရက် ကောင်းမွန်မှုကို မြှင့်တင်၍ အစိမ်းရောင် ကာဗွန်လျော့နည်းမှုဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Construction of large pumped-storage hydropower project starts in China’s Sichuan

Construction of a large pumped-storage hydropower project started on Thursday in Ganzi Tibetan Autonomous Prefecture, southwest China’s Sichuan Province.

At an altitude of 3,000 meters, the Yalong River Lianghekou pumped-storage hydropower plant is believed to be the highest-altitude of its kind in China.

The project depends on two reservoirs, the Lianghekou hydropower plant upstream and the Yagen hydropower station downstream, and will install four 300,000 kW reversible units.

The total installed capacity of the project is designed to reach 4.2 million kW, including the 3 million kW of Lianghekou hydropower station.

The project is expected to improve efficiency of electricity supply in Sichuan Province, optimize grid network, and promote green and low-carbon development.

Xinhua News Agency correspondents reporting from Ganzi, China.
(XHTV)