Connect with us

Media

ရုရှား-ယူကရိန်းပဋိပက္ခကြောင့်ဥရောပတိုက်တွင်မည်သို့သက်ရောက်မှုရှိသနည်း

ဘရပ်ဆဲလ်၊ မေ ၅ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားသည်မှာ တတိယ မြောက်လသို့ရောက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ စစ်ပြေငြိမ်းမည့်လက္ခဏာ ကို မတွေ့ရသေးဘဲ ဥရောပတိုက်တစ်ခုလုံး၌ ပဋိပက္ခ ကြောင့် အကျပ်အတည်းများ ကြုံတွေ့နေရပြီဖြစ်သည်။
ပဋိပက္ခများနှင့် ရုရှားနိုင်ငံအပေါ် အဆက်မပြတ် ဒဏ်ခတ်ပိတ်ဆို့မှုများလုပ်ဆောင်ခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့မှုများကို ပိုမိုတိုးပွားစေပြီး ဒေသတွင်းလုံခြုံရေး၊ အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းနှင့် လူနေမှုအဆင့်အတန်းများကျဆင်းစေခြင်းတို့ကို ဖြစ်ပေါ်စေကြောင်းလူအများကဆိုသည်။
Diplomacy Magazine မှ အယ်ဒီတာချုပ်ဖြစ်သူ ALEXIS BAUTZMANN က
“ရုရှား-ယူကရိန်းပဋိပက္ခ ကြောင့် ဥရောပတိုက်တစ်လွှား အထူးသဖြင့် ဥရောပတိုက်အလယ်ပိုင်းမှာ ငွေကြေးဖောင်းပွမှုမြင့်တက်လာခဲ့ပါတယ်၊ ငွေကြေးဖောင်းပွမှုဟာ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကတည်း ကစတင်နေခဲ့တာဖြစ်ပါတယ်၊ ဒီကိစ္စဟာ ထပ်မံကြီးမားလာဖွယ်ရှိပြီး ဥရောပတိုက်က အိမ်ထောင်စုတွေအတွက် ပိုမိုဝန်ပိလာစေတော့မှာပါ” ဟုဆိုသည်။
ဗြိတိန်နိုင်ငံ Warwick တက္ကသိုလ်မှ global energy ပါမောက္ခဖြစ်သူ MICHAEL BRADSHAW က
“ ဥရောပတိုက်မှာ ဓါတ်ငွေ့ရဲ့အခန်းကဏ္ဍ ကို တော်တော်အချေအတင် ပြင်းပြင်းထန်ထန် ဆွေးနွေးရတော့မှာပါ ၊နောက်ပြီး ရုရှား တွေရဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေနေရာမှာ အစားထိုးအရင်းအမြစ်တွေထပ်မံရှာဖွေဖို့ဆိုတာကလည်းတော်တော်ကိုကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာတော့မှာပါ” ဟု ဆိုသည်။
ဂရိနိုင်ငံ Attica’s gas station owners’ association မှ ဥက္ကဌဖြစ်သူ Maria Zagka က
“ ဒီကိစ္စ မှာ ဘက်စုံအတွက် ခက်ခဲနေတာပါပဲ၊ ဓါတ်ငွေ့ဆိုင်ပိုင်ရှင်တွေအတွက်ရော နောက်ပြီး သုံးစွဲသူတွေအတွက်ရောပေါ့၊ လောင်စာဆီဟာအခုဆိုရင် ဇိမ်ခံပစ္စည်းအမျိုးအစားတစ်ခုဖြစ်လာပါတယ်၊ အခုဆိုရင်ကျွန်မတို့ဟာ ဒါကို မရှိမဖြစ်လိုအပ်ချက်တစ်ခု ဆိုတဲ့အနေအထားကိုမေ့ထားရတော့မလိုပါပဲ၊ ပြည်သူတွေဟာ အလုပ်လုပ်ဖို့အတွက် ဒါက လိုအပ်တယ်လေ” ဟုဆိုသည်။
ယူဂိုဆလပ်ဗီးယား မှ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ZIVADIN JOVANOVIC က
“NATO ရဲ့ အရှေ့ပိုင်းကိုချဲ့ထွင်မယ့် ကြီးမားတဲ့ဗျူဟာကြောင့် ကမ္ဘာကြီးဟာ အရင်လို အခြေအနေမဟုတ်တော့ပါဘူး၊ အရှေ့ပိုင်းကိုချဲ့ထွင်မယ့် ဗျူဟာရဲ့ကျေးဇူးနဲ့ ဒီကနေ့ကာလလောက် ဥရောပတိုက်မှာ ဒီလောက်များပြားတဲ့ စစ်တပ်အခြေစိုက်စခန်းတွေ၊ စစ်လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမရှိခဲ့ဖူးပါဘူး ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာဆိုရင် ဥပဒေနဲ့မညီသလိုလူသားလည်းမဆန်ပါဘူး။ ဒီလိုလုပ်ဆောင်တာက ငြိမ်းချမ်းရေးကိုပေါ်ပေါက်စေမှာမဟုတ်တဲ့အပြင် အဲဒီအစားအခြေအနေကို တင်းမာမှုတွေပဲဖြစ်စေမှာပါ”ဟုဆိုသည်။
ဆင်ဟွာသတင်းထောက်များက ဘရပ်ဆဲလ်မြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

…………………………………..
(English Version)
How Russia-Ukraine conflict could affect Europe
As the Russia-Ukraine conflict rages into the third month with no sign of truce any time soon, the entire European continent is bearing the brunt of the crisis.

Many say the conflict and subsequent sanctions on Russia are causing widespread panic over regional security, soaring food and energy prices and a looming drop in the standard of living.

SOUNDBITE 1 (French): ALEXIS BAUTZMANN, Editor-in-Chief, Diplomacy Magazine
“The problem posed by the Russia-Ukraine conflict is the risk of inflation throughout Europe and particularly in Central Europe. Inflation was already on the rise following the COVID-19 pandemic. It is likely to increase and weigh heavily on the spending power of European households.”

SOUNDBITE 2 (English): MICHAEL BRADSHAW, Professor of global energy, Warwick University in Britain
“The role of gas in Europe is also going to be highly debated, contested. And trying to find alternative sources to replace Russian pipeline gases is gonna be very challenging.”

SOUNDBITE 3 (Greek): MARIA ZAGKA, President of Attica’s gas station owners’ association, Greece
“Things are difficult for the sector, for gas station owners, and difficult for consumers. Fuel is now a sort of luxury product, and we forget that it is a necessity. People need it to go to work.”

SOUNDBITE 4 (Serbian): ZIVADIN JOVANOVIC, Former minister of foreign affairs of Yugoslavia
“Because of this enlargement strategy of NATO towards the east, the world is no longer in the same condition. There have never been more military bases, arms and military equipment in Europe than today – thanks to the strategy of Eastern expansion. Sanctions are illegitimate and inhumane. They are not a means to achieve peace, but to escalate the situation further instead.”

Xinhua News Agency correspondents reporting from Brussels.
(XHTV)