Connect with us

Europe

ရုရှားက Azovstal စက်ရုံမှ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖွင့်ပေးမည်

မော်စကို၊ မေ ၆ ရက် (ဆင်ဟွာ)
ရုရှားစစ်တပ်က Azovstal စက်ရုံမှ အရပ်သားများ ရွှေ့ပြောင်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုကို ဖွင့်လှစ်ပေးသွားမည်ဟု မေ ၄ ရက်တွင်ကြေညာခဲ့သည်။ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးက လက်နက်များတင်ဆောင်ထားသည့် နေတိုး (NATO) ၏ မည်သည့်ယာဉ်ကိုမဆို “တရားဝင်ဖျက်ဆီးရမည့်ပစ်မှတ်” အဖြစ် သတ်မှတ်ထားကြောင်းဆိုသည်။
ရုရှားနိုင်ငံ လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးချုပ် က အဆိုပါစင်္ကြံမှာ လာမည့် ၃ ရက်အတွင်း မော်စကိုစံတော်ချိန် ၈ နာရီမှ ၁၈ နာရီအတွင်း (0500 to 1500 GMT) သက်ရောက်မှု ရှိမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်း ရုရှားစစ်တပ်များနှင့် Donetsk မှ တပ်များဘက်မှ တစ်ဖက်သတ်အပစ်အခတ် ရပ်တန့်ထားမည် ဖြစ်ပြီး ရုရှားနိုင်ငံနှင့် ယူကရိန်းဘက်မှထိန်းချုပ်ထားသည့် ဒေသများသို့အရပ်သားများ ထွက်ခွါနိုင်စေရန်လမ်းဖွင့်ပေးမည်ဟု ဆိုသည်။
တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း ယူကရိန်းစစ်တပ်အတွက် လက်နက်များ သို့မဟုတ် လိုအပ်သောပစ္စည်းကိရိယာများဖြင့် ရောက်ရှိလာသော မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏မည်သည့်ယာဉ်ကိုမဆို ရုရှားဘက်မှ တရားဝင်ဖျက်ဆီးရမည့် ပစ်မှတ်အဖြစ် ထည့်သွင်းစဉ်းစားထားကြောင်း မေ ၄ ရက်တွင် ပြောကြားခဲ့သည်။
Shoigu က ရုရှားနိုင်ငံစစ်တပ် ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ဆုံစဉ်ထိုသို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် NATO မဟာမိတ်များက ယူကရိန်းနိုင်ငံသို့ လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားစစ်တပ်များသည် Lugansk နှင့် Donetsk မှ တပ်ဖွဲ့များနှင့်အတူ Donbass ဒေသရှိ ဒေသများကို ပိုမိုထိန်းချုပ်လာနိုင်ပြီဖြစ်သည့်အပြင် ၎င်းတို့သည် တာဝန်များကိုကျေပွန်အောင်ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ကိဗ် (ယူကရိန်းနိုင်ငံ) အနေဖြင့် ရုရှားနိုင်ငံနှင့် “အယောင်ပြ ပဋိပက္ခပြေငြိမ်းမှု” ကို ဦးတည်မည့် မည်သည့် ညှိနှိုင်းမှုကိုမျှ သဘောတူမည်မဟုတ်ဟုဆိုကြောင်း မေ ၄ ရက် ၌ Ukrinform သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒွန်းဘတ်စ် ဒေသတွင်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက တင်းမာခဲ့သည့်စစ်ရေးအခြေအနေကို အဆုံးသတ်နိုင်စေမည့် Minsk သဘောတူညီချက်များသည်လည်း ထိရောက်မှုမရှိကြောင်း သက်သေပြသခဲ့ပြီးဖြစ်သည်ဟု ဇယ်လန်းစကီးက ဆိုသည်။
ဆင်ဟွာသတင်းထောက်များက မော်စကိုမြို့မှသတင်းပေးပို့နေခြင်းဖြစ်သည်။ (Xinhua)

………………………………………
(English Version)
GLOBALink | Russia to open humanitarian corridor for civilian evacuation from Azovstal
MOSCOW, May 5 (Xinhua) — The Russian military announced Wednesday that it will open a humanitarian corridor for civilian evacuation from Azovstal plant. The Russian defense minister said any NATO vehicle with weapons is considered “legitimate target for destruction.”
The Joint Coordination Headquarters of the Russian Federation for Humanitarian Response said in a statement that the corridor will be effective from 08:00 to 18:00 Moscow time (0500 to 1500 GMT) in the three days.
During this period, Russian troops and the forces of Donetsk will unilaterally cease hostilities and ensure the withdrawal of civilians both to Russia and to areas controlled by Ukraine.
Meanwhile, Russian Defense Minister Sergei Shoigu said Wednesday that any vehicle of the North Atlantic Treaty Organization (NATO) that arrives in Ukraine with weapons or material for the needs of the Ukrainian armed forces is considered by Russia as “a legitimate target for destruction.”
Shoigu made the remarks at a meeting with Russia’s top defense officials, noting the United States and its NATO allies are continuing to supply weapons to Ukraine.
According to the minister, Russian troops together with the forces of Lugansk and Donetsk are controlling more areas of Donbass, and they will continue to fulfill their tasks.
Also on Wednesday, the Ukrinform news agency reported Ukrainian President Volodymyr Zelensky said that Kiev will not agree to any deal that would lead to a “frozen conflict” with Russia.
Zelensky said that the Minsk agreements, which had put an end to the intense military stage of the Donbass conflict several years ago, proved to be ineffective.
Xinhua News Agency correspondents reporting from Moscow.
Produced by Xinhua Global Service