Connect with us

Media

ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာ ပစ်ခတ်မှုအတွင်း လူနှစ်ဦးထက်မနည်း သေဆုံး ၊ သံသယရှိသူ သေနတ်သမားအား ဖမ်းဆီးရမိ

ဘန်ကောက် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ နာမည်ကျော် ဈေးဝယ်စင်တာတစ်ခု၌ အောက်တိုဘာ ၃ ရက်က ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူနှစ်ဦးထက်မနည်းသေဆုံးကာ အခြားသူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သံသယရှိသူ သေနတ်သမားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဖမ်းခံရသည့် သံသယရှိသူမှာ ဆယ်ကျော်သက်တစ်ဦး ဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာရှိခဲ့ဖူးကြောင်းနှင့် ယခင်က ဆေးရုံတစ်ရုံ၌ ကုသမှု ခံယူခဲ့ရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Torsak Sukvimol က ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
At least 2 killed in Bangkok shopping mall shooting, suspected gunman arrested: police
A suspected gunman was arrested following a shooting at a renowned shopping mall in downtown Bangkok that killed at least two people and injured five others on Tuesday, police said.
The arrested suspect is a minor, said National Police Chief Torsak Sukvimol, adding that he has a history of mental health issues and has been previously treated in a hospital.
Xinhua News Agency correspondents reporting from Bangkok.(XHTV)