Connect with us

Media

ရုပ်သံရိုက်ကူးရေးအတွက် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ၏ နယ်မြေဒေသအသီးသီးမှ လူနေမှုဘဝမြင်ကွင်းများအား Xinhua News Agency (Yangon Bureau) ၏ Tiktok နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ကဏ္ဍတစ်ရပ်အနေဖြင့် တင်ဆက်ပေးသွားမည့် အစီအစဉ်တစ်ရပ် ပြုလုပ်ထားပါသည်။

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့ နေရပ်၊ ပတ်ဝန်းကျင်မှ နေ့စဉ် ဖြစ်ပေါ်နေသည့် အကြောင်းအရာ၊ ဖြစ်ရပ် နှင့် လှုပ်ရှားသွားလာမှုများအား ဖုန်းဖြင့် လွယ်လင့်တကူ ရိုက်ကူးကာ ရုပ်သံဖိုင်များအား ပေးပို့နိုင်ကြပြီ ဖြစ်ပါသည်။ (မှတ်ချက် – မိမိကိုယ်တိုင် ရိုက်ကူးထားသည့် ရုပ်သံ ဖြစ်ရမည်၊ ဆင်ဟွာမြန်မာသို့ ပေးပို့သည့် ရုပ်သံဖိုင်များကို အသုံးပြုဖော်ပြပါက ဆင်ဟွာမြန်မာ၏ မူပိုင်ဟု သဘောထား မှတ်ယူရမည် )

Xinhuamyanmar ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရွေးချယ်ဖော်ပြခြင်းခံရသည့် ရုပ်သံများအတွက် ဖော်ပြသည့် မိနစ်၊ စက္ကန့်အလိုက် ထိုက်သင့်သည့် အခကြေးငွေလည်း ပြန်လည်ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ထားပါသည်။

ရုပ်သံဖိုင်များအား xinhuamyanmar tiktok message သို့လည်းကောင်း ၊ Viber နံပါတ် 09268921541 သို့လည်းကောင်း ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ပါသည်။