Connect with us

Media

တရုတ်နှစ်သစ်ကူး ယုန်နှစ်တွင် ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်ယုန်လေးများ ထင်ပေါ်ကျော်ကြားလာ

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နှစ်သစ်ကူး ယုန်နှစ်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်ယုန်လေးများမှာ တရုတ်လူမျိုးများကြား ထင်ပေါ်ကျော်ကြားလာခဲ့သည်။

၂၀၂၃ ခုနှစ်သည် ယုန်နှစ်ဖြစ်ပြီး တရုတ် ဆယ့်နှစ်ရာသီခွင်အရ စတုတ္ထမြောက် တိရစ္ဆာန်လည်းဖြစ်သည်။ ယုန်သည် တရုတ်နိုင်ငံ၌ ချစ်ခင်နှစ်သက်ဖွယ် တိရစ္ဆာန်ဖြစ်ပြီး ကျက်သရေရှိမှု၊ ကရုဏာတရားရှိမှု၊ မင်္ဂလာရှိမှုနှင့် ကံကောင်းမှု တို့၏ သင်္ကေတလည်းဖြစ်သည်။

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ စိန်ယန်မြို့ရှိ ယုန်ကော်ဖီဆိုင်တွင် လာရောက်သူများအနေဖြင့် မွေးမြူထားသည့် အမျိုးအစားစုံလင်လှသော ယုန်လေးများနှင့် ကစားနိုင်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်မတို့ ကော်ဖီဆိုင်လေးရဲ့ အဓိကစီးပွားရေးကတော့ ယုန်လေးတွေနဲ့ ကစားဖို့ လူတွေကို ဖိတ်ခေါ်တာပဲဖြစ်ပါတယ်။ ဒီဆိုင်မှာ သူတို့လေးတွေကို ထိတွေ့နိုင်တယ်။ ပွေ့ဖက်နိုင်တယ်။ ပြီးတော့ အစာလည်းကျွေးနိုင်ပါတယ်။ လူငယ်စုံတွဲတွေနဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်။ အခုဆိုရင် ကျွန်မတို့ဆိုင်မှာ ယုန်အကောင်ရေ ၂၀ ကနေ ၃၀ အထိ ရှိနေပါပြီ။ နားရွက်ဖားယုန်လေးတွေ၊ နယ်သာလန် Dwarf ယုန်လေးတွေနဲ့ အန်ဂိုရာယုန်လေးတွေလည်း ရှိပါတယ်။ လူတွေအနားမှာ သွားလာနေတာက သိပ်ကို ချစ်စရာကောင်းပါတယ်” ဟု စိန်ရန်မြို့ရှိ ယုန်ကဖေးဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သော Cao Mengjiao က ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Pet rabbits gaining popularity in Chinese Year of the Rabbit
As the Chinese Lunar New Year of the Rabbit has arrived, pet rabbits are gaining popularity among the Chinese. Find out what a cafe in China’s Shenyang has to offer. #GLOBALink
As the Chinese New Year has arrived, pet rabbits are gaining popularity among the Chinese.
2023 is the Year of the Rabbit, the fourth animal in the Chinese Zodiac. Rabbit is a beloved animal in China, symbolizing grace, mercy, auspiciousness, and good luck.
At a bunny cafe in Shenyang, Liaoning Province, people can play with various breeds of pet rabbits.

SOUNDBITE (Chinese): CAO MENGJIAO, Staffer with a rabbit cafe in Shenyang

“Hi everyone. The main business of our cafe is to invite people to play with rabbits. They can touch, cuddle and feed rabbits here. It’s suited to the needs of young couples and children. Now, we have 20 to 30 bunnies in our shop, including lop-eared rabbits, Netherland Dwarf rabbits and Angora rabbits. They are adorable and love being around people.”
Xinhua News Agency correspondents reporting from Shenyang, China.