Connect with us

Media

တရုတ်နှစ်သစ်ကူးနောက်ပိုင်း လုပ်ငန်းခွင်ပြန်ဝင်မည့် ခရီးသွားများအတွက် အခမဲ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေး

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရက်သတ္တပတ်အကြာ နှစ်ကူးနွေဦးပွဲတော်အားလပ်ရက်အပြီးတွင် ခရီးသွားသူအများအပြားက ခရီးစတင်ထွက်ခွာကာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြမည် ဖြစ်သောကြောင့် ခရီးသွားလာမှု အထွတ်အထိပ် အသစ်တစ်ခုအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ဒေသန္တရအစိုးရအဖွဲ့များက အလုပ်သမားများအတွက် အားလပ်ရက်ပြီးနောက် ခရီးသွားလာမှု ချောမွေ့ဘေးကင်းစေရေးအတွက် သတ်မှတ်အပိုင်းအခြားအတွင်း အခမဲ့တိုက်ရိုက်ပြေးဆွဲသည့် ဘတ်စ်ကား နှင့် ရထားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယူနန်ပြည်နယ်မှ ကျဲ့ကျန်းပြည်နယ်သို့ ခရီးသွားလာနေသည့် ရွှေ့ပြောင်းလုပ်သား DENG SHENGFENG က “ကျွန်မတို့ရဲ့ မြို့ကနေ ရထားဘူတာရုံကို သွားဖို့ အခမဲ့စီးနင်းနိုင်တဲ့ ဘတ်စ်ကားတွေကို ဒေသန္တရအစိုးရက စီစဉ်ပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။

“အစိုးရက ကျွန်တော်တို့အတွက် ရထားလက်မှတ်တွေ ဝယ်ယူပေးခဲ့ပါတယ်။ ဒါက အေးမြတဲ့ ရာသီဥတုမှာ နွေးထွေးမှုကို ခံစားရစေပါတယ်”ဟု ကွေ့ကျိုးပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သား MR. CHEN က ပြောကြားခဲ့သည်။

“ဒေသန္တရအစိုးရက ကျွန်တော်တို့ကို ရေဘူး နဲ့ ကွတ်ကီးတွေအပြင် အိပ်ယာခင်းလှလှတွေ ၊ ကျောပိုးအိတ် နဲ့ စောင်တစ်ထည် ပါတဲ့ လက်ဆောင်အိတ်တစ်လုံး ပေးပါတယ်။အားလုံးက အခမဲ့ပါ”ဟု ကွေ့ကျိုးပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သား PAN JIANHUA က ပြောကြားခဲ့သည်။ (Xinhua)

………………………………

(English Version)

Free transportation service offered for travelers returning to work after Chinese New Year

China is bracing for a fresh travel peak as a growing number of travelers hit the road and return to work after a week-long Spring Festival holiday.

Free “point-to-point” direct buses and trains are offered for workers by local governments in China to ensure smooth and safe post-holiday travel flow.

SOUNDBITE 1 (Chinese): DENG SHENGFENG, Migrant worker traveling from Yunnan to Zhejiang

“The local government organizes free buses for us to go to the train station from our town.”

SOUNDBITE 2 (Chinese): MR. CHEN, Migrant worker in Guizhou

“The train tickets were bought for us by the government. Although it’s very cold, the move makes me feel warm.”

SOUNDBITE 3 (Chinese): PAN JIANHUA, Migrant worker in Guizhou

“The local government gives us a bag of gifts, including bottled water and cookies, as well as nice bed sheets, a backpack and a blanket. All for free.”

Xinhua News Agency correspondents reporting from Beijing.

(XHTV)