Connect with us

China

တရုတ်နိုင်ငံထုတ် ကုန်း၊ ရေနှစ်သွယ်သွား AG600 လေယာဉ် လေကြောင်းပျံသန်းရေးစမ်းသပ်အဆင့် စတင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့တွင်ပြုလုပ်သည့် ၁၄ ကြိမ်မြောက် တရုတ် နိုင်ငံတကာလေကြောင်းနှင့် လေယာဉ်တည်ဆောက်မှုနည်းပညာပြပွဲတွင် AG600M လေယာဉ် ရေဖျန်းချခြင်းလုပ်ဆောင်ချက် သရုပ်ပြနေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် တီထွင်ထုတ်လုပ်ထားသည့် ကုန်း၊ ရေနှစ်သွယ်သွား AG600 လေယာဉ်ကြီးသည် လေကြောင်းပျံသန်းရေးစမ်းသပ်အဆင့်ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်လေယာဉ်ထုတ်လုပ်မှုလုပ်ငန်း ကော်ပို ရေးရှင်း (AVIC) က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ ကြေညာခဲ့သည်။

AG600 လေယာဉ်အုပ်စုဝင်ဖြစ်ပြီး မီးငြှိမ်းသတ်နိုင်သည့်ပုံစံထုတ်လုပ်ထားသော AG600M လေယာဉ်နှစ်စင်းသည်လည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ ယန်လျန်ဒေသ လေယာဉ်စမ်းသပ်ပျံသန်းမှု စင်တာသို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်သူ AVIC က ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
China’s AG600 amphibious aircraft starts airworthiness flight-test phase

China’s indigenously-developed AG600 large amphibious aircraft has entered the airworthiness flight-test phase, announced the Aviation Industry Corporation of China (AVIC) on Wednesday.
Two AG600M airplanes, the firefighting model belonging to the AG600 aircraft family, have arrived at the flight-test center in Yanliang District in Xi’an, northwest China’s Shaanxi Province, said the AVIC, the country’s leading plane-maker.
Photo : An AG600M aircraft demonstrates its water-dropping function at the 14th China International Aviation and Aerospace Exhibition in Zhuhai, south China’s Guangdong Province, on Nov. 8, 2022. (Xinhua/Liu Dawei)