Connect with us

Media

တရုတ်နိုင်ငံက ငလျင်ဒဏ်သင့်တူရကီနိုင်ငံသို့ အကူအညီများ အဆက်မပြတ်ပေးအပ်လျက်ရှိ

အစ္စတန်ဘူလ် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် တူရကီနိုင်ငံ၌ ငလျင်ဘေးအန္တရာယ် နှင့် အသက်ရှင်ကျန်ရစ်သူများကို ကူညီရန် အကူအညီများ အဆက်မပြတ်ပေးလျက် ရှိနေပြီး တရုတ်နိုင်ငံမှ ခြုံစောင် ၄၀,၀၀၀ ပါဝင်သည့် ပထမအသုတ်အား သယ်ဆောင်လာသည့် တူရကီလေကြောင်းလိုင်းမှ ကုန်တင်လေယာဉ်တစ်စင်းသည် Shanghai Pudong လေဆိပ်မှ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် အစ္စတန်ဘူလ်လေဆိပ်သို့ ဆင်းသက်ရောက်ရှိလာခဲ့သည်။

လာမည့်ရက်များအတွင်း ချည်ထည်ရွက်ဖျင်တဲ အစုံ ၁,၀၀၀ ၊ electrocardiograph စက်များ ၊ ultrasonic ရောဂါရှာဖွေရေးကိရိယာများ ၊ ဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးယာဉ်များ နှင့် manual ဆေးရုံကုတင်များအား တရုတ်နိုင်ငံမှ အသုတ်လိုက် တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ပြင်းအား ၇.၇ နှင့် ၇.၆ အဆင့်ရှိ မြေငလျင်များသည် ဖေဖော်ဝါရီ ၆ ရက်တွင် တူရကီနိုင်ငံ တောင်ဘက်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး ပြည်နယ် ၁၀ ခုနီးပါး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်တွေ့ကြုံပြီးနောက် မကြာမီတွင် တူရကီနိုင်ငံ၌ လုပ်ဆောင်နေသည့် Zoomlion နှင့် Sany Group ကဲ့သို့သော တရုတ် ဆောက်လုပ်ရေးစက်ပစ္စည်းထုတ်လုပ်သူများသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် မြေငလျင်ဇုန်သို့ ၎င်းတို့၏ စက်ယန္တရားများအား ချက်ချင်းစေလွှတ်ခဲ့ကြောင်း သိရသည်။

တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့အများအပြားသည်လည်း အဆောက်အဦများစွာ၏ အပျက်အစီးများ အောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် နေရောညပါ ၂၄ နာရီပတ်လုံး ငလျင်ဇုန်တွင် လုပ်ကိုင်နေကြကြောင်း သိရသည်။
အစ္စတန်ဘူလ်မြို့ရှိ တရုတ်အသင်းအဖွဲ့များသည်လည်း ငလျင်ဒဏ်သင့်နေရာများတွင် လိုအပ်သည့် အိပ်ရာခင်းများ ၊ စောင်များ နှင့် ကုတ်အင်္ကျီများကဲ့သို့သော ပစ္စည်းများအား ပေးအပ်ခဲ့သည်။ တစ်ချို့မှာ ဒေသခံပြည်သူများအတွက် ကွန်တိန်နာနေအိမ်များအား တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China pours aid into quake-hit Türkiye
STANDUP (English): ZEYNEP CERMEN, Xinhua reporter
“China continues to pour aid to the earthquake disaster and help survivors in Türkiye. A Turkish Airlines cargo plane carrying the first batch of 40,000 blankets (from China) landed at Istanbul Airport on Saturday afternoon, after taking off from Shanghai Pudong Airport.
In the coming days, 1,000 sets of cotton tents, electrocardiograph machines, ultrasonic diagnostic devices, medical transport vehicles, and manual hospital beds will be shipped in batches from China.
The twin earthquakes of 7.7 and 7.6 magnitudes hit Türkiye’s southern part and devastated almost 10 provinces on Monday.
Soon after the disaster happened, the Chinese construction machinery manufacturers operating in Türkiye, such as Zoomlion and Sany Group, immediately sent their machines to the earthquake zone to support rescue operations.
Several Chinese search and rescue teams are also working in the earthquake zone round the clock to save those trapped under the ruins of numerous buildings.
Chinese associations in Istanbul also delivered materials such as quilts, blankets, and coats needed in earthquake areas. Some of them have been building container houses for local people.”

Xinhua News Agency correspondents reporting from Istanbul, Türkiye.
(XHTV)