Connect with us

Media

မလေးရှားနိုင်ငံ၏ လျှပ်စစ်ကားလိုအပ်ချက်နှင့် ကိုက်ညီစေရန် တရုတ်မော်တော်ကားထုတ်လုပ်သူများ ပြောင်းလဲစဉ်းစားလာ

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ sport utility vehicle (SUV) နှင့် ပစ်ကပ် (pickup) ကားထုတ်လုပ်သူဖြစ်သော Great Wall Motor (GWM) က ၎င်းတို့၏ မော်တော်ကားများစွာ မိတ်ဆက်ခြင်းနှင့်အတူ မလေးရှားနိုင်ငံ၏ လျှပ်စစ်ကား (EV) ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်သည်။

မလေးရှားအစိုးရသည် အခွန်ဆွဲဆောင်မှုအမျိုးမျိုးနှင့် လုပ်ငန်းကို ပံ့ပိုးပေးနိုင်မည့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း အထူးသဖြင့် အားသွင်းနေရာများ စသည်တို့အပါအဝင် EV ကဏ္ဍအတွက် သင့်လျော်သော အခြေအနေများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

“မလေးရှားဈေးကွက်က ကျွန်တော်တို့ရဲ့ အာဆီယံမဟာဗျူဟာမှာ အလွန်အရေးကြီးပါတယ်။ မော်တော်ကား အသုံးပြုမှုက ရင့်ကျက်လာပေမဲ့ စွမ်းအင်သစ်မော်တော်ယာဉ်တွေအတွက်ကတော့ ဈေးကွက်အသစ်ဖြစ်နေတုန်းပါပဲ။ မလေးရှားဈေးကွက်က မော်တော်ကားတွေအဆင့်မြှင့်တင်ဖို့ ကြီးမားကောင်းမွန်တဲ့အလားအလာရှိနေတယ်လို့ ကျွန်တော်ယုံတယ်” ဟု Great Wall Motor (GWM) Malaysia အရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Cui Anqi က ပြောခဲ့သည်။

ယခုအခါ ပြောင်းလဲမှုအချို့ကိုမြင်တွေ့နေရပြီဖြစ်ကြောင်း၊ မော်တော်ယာဉ်အသုံးပြုမှု အဆင့်မြင့်တက်ခြင်းက ပိုမို၍ထင်ရှားလာပြီဖြစ်ကြောင်း၊ သုံးစွဲသူများကလည်း အရည်အသွေးပိုင်းကို ပို၍အာရုံစိုက်လာသလို စွမ်းအင်သစ်အသိဉာဏ်နှင့် သီးသန့်ထုတ်ကုန်များအတွက် လိုအပ်ချက်အခိုင်အမာမြင့်တက်လာကြောင်း ၎င်းက ဆိုသည်။

Cui Anqi က “အနာဂတ်မှာ မလေးရှားနိုင်ငံရဲ့ မော်တော်ကားလုပ်ငန်း ခိုင်မာသောအုတ်မြစ်ကို အခြေခံပြီးတော့ မိတ်ဖက်တွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုတွေကတစ်ဆင့် မလေးရှားရဲ့ စွမ်းအင်သစ်မော်တော်ယာဉ်လုပ်ငန်းက အလျင်အမြန် အရည်အသွေးမြင့်မြင် တိုးတက်လာမှာပါ” ဟု ပြောကြားခဲ့သည်။ (Xinhua)

……………………………………..

(English Version)
Chinese automaker moves to meet Malaysian EV demand
Great Wall Motor (GWM), China’s leading sport utility vehicle (SUV) and pickup manufacturer, is entering Malaysia’s electric vehicle (EV) market with the introduction of its range of vehicles.
The Malaysian government looks to create suitable conditions for the EV sector including various tax incentives and the construction of supporting infrastructure, especially charging stations.
SOUNDBITE (Chinese): CUI ANQI, General Manager, Great Wall Motor (GWM) Malaysia sale company
“Malaysian market is very important in our ASEAN strategy. Automobile consumption is mature here, but for new energy vehicles, it still is a blue ocean market. We believe that the Malaysian market has great potential for automobile upgrading.

Now we also see some changes. The trend of automobile consumption upgrading is becoming more and more obvious. While consumers pay attention to quality, they have an increasingly strong demand for new energy intelligent and personalized products.
We believe that in the near future, based on the solid foundation of Malaysia’s automobile industry, through close cooperation and continuous innovation with our upstream and downstream partners, Malaysia’s new energy automobile industry will have rapid and high-quality development.”
Xinhua News Agency correspondents reporting from Kuala Lumpur. (XHTV)