Connect with us

Media

တရုတ်နိုင်ငံ၏ ထိပ်တန်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူက ကြီးမားသော သမိုင်းမှတ်တိုင် စိုက်ထူနိုင်

ရှင်းကျန်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ(PetroChina)၏ ထာရီမု(Tarim)ရေနံလုပ်ကွက် ကုမ္ပဏီခွဲသည် ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်း ရက် ၁၀၀ မပြည့်မီအချိန်အတွင်းမှာပင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ထုတ်လုပ်နိုင်မှုမှာ အမြင့်မားဆုံးပမာဏနှင့် ညီမျှခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ ဦးဆောင်ထုတ်လုပ်သူ PetroChina၏ လက်ခွဲ Tarim ရေနံလုပ်ကွက်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တူညီစွာ ထုတ်လုပ်မှုပမာဏသည် ဧပြီ ၈ ရက်အထိ၊ ယခုနှစ် ရက် ၁၀၀ မပြည့်သေးသောကာလတွင် စံချိန်တင်အဖြစ် တန်ချိန် ၁၀.၀၅ သန်း ရှိခဲ့သည်။
ထာရီမု(Tarim)ချိုင့်ဝှမ်းဒေသ ဖူမန် ရေနံလုပ်ကွက်တွင် ရေနံနှင်သဘာဝဓာတ်ငွေအရင်းအမြစ် တန်ချိန် ၁ ဘီလီယံ ကျော် ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင် ယင်းကုမ္ပဏီ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူညီစွာထုတ်လုပ်မှုပမာဏသည် တန်ချိန် ၅ သန်း ရှိလာမည်ဟု ခန့်မှန်းထားပြီး ၎င်းရေနံတွင်း ၁၄ တွင်း၏ နေ့စဉ်ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၁၀၀ ကျော်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနံလုပ်ကွက်သည် Petro China ထာလီမု ရေနံလုပ်ကွက်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၁ ခု အနက် တစ်ခုဖြစ်ပြီး အလွန်နက်ရှိုင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များတွင် တစ်နိုင်ငံလုံး ပမာဏ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

GLOBALink| China’s top oil and gas producer hits a huge milestone

Breaking records! In less than 100 days since the start of 2023, the Tarim Oilfield branch of PetroChina has reached an all-time high in oil and gas equivalent output.

The Tarim Oilfield branch of PetroChina,China’s leading oil and gas producer has produced a record 10.05 million tonnes of oil and gas equivalent in less than 100 days as of April 8 .The Fuman oilfield in the Tarim Basin boasts more than 1 billion tonnes of oil and gas resources.It is expected to produce 5 million tonnes of oil and gas equivalent annually by 2025, with its 14 wells producing more than 100 tonnes per day. The oilfield is one of the 31 oil and gas fields of Petro China’s Tarim Oilfield with which ultra-deep oil and gas resources, account for over 80 percent of the country’s total.

Produced by Xinhua Global Service■