Connect with us

Asia

ထိုင်း SMEs က တရုတ်-လာအို ရထားလမ်းမှ ဆောင်ကြဉ်းပေးသော အခွင့်အလမ်းများရှာဖွေရန် စိတ်အားထက်သန်လျက်ရှိ

ထိုင်းနိုင်ငံ Rayong ပြည်နယ်၊ ထိုင်း-တရုတ် Rayong စက်မှုဇုန်ရှိ Dunan Metals (Thailand) ကုမ္ပဏီလီမိတက် ထုတ်လုပ်ရေးလိုင်းတွင် အလုပ်လုပ်နေသော ဝန်ထမ်းတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နွန်ခိုင်၊ ထိုင်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ တရုတ်-လာအိုရထားလမ်းတစ်လျှောက် ဗီယင်ကျန်းဘူတာအတွင်း Lane Xang EMU ရထားတစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Tanapat Yuttagasemson သည် တရုတ်-လာအို ရထားလမ်းပေါ် ခရီးသွားခဲ့သည့် ပထမဆုံးအချိန်အခါကို ပြန်လည်အမှတ်ရရင်း သဘောကျလျက်ရှိနေဆဲဖြစ်သည်။

“အဲဒါက အလွန်ပဲ သဘောကျစရာကောင်းသလို သက်သောင့်သက်သာရှိပြီး သန့်ရှင်းပါတယ်။ ဒါပေမဲ့ လူတွေအများကြီးက ရထားလက်မှတ်ဝယ်ယူလိုတာကြောင့် လက်မှတ်ဝယ်ဖို့တော့ ခက်ခဲတယ်” ဟု အိုင်တီ စီးပွားရေးလုပ်ငန်း၌ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) လုပ်ကိုင်နေသော ထိုင်းစီးပွားရေးလုပ်ငန်းရှင် Tanapat Yuttagasemson က ပြောခဲ့သည်။

Tanapat ၏ စီးပွားရေးလုပ်ငန်းသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွန်ခိုင်ပြည်နယ်တွင် အခြေပြုထားခြင်းဖြစ်သည်။ ယင်းပြည်နယ်သည် မဲခေါင်မြစ်ကိုဖြတ်သန်းလျက် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်မှ ကီလိုမီတာ ၂၀ အကွာ၌ တည်ရှိသည်။

တရုတ်-လာအို ရထားလမ်းသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် တရုတ်ဈေးကွက်ကို အချိန်တိုအတွင်းရောက်ရှိရန် ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)

………………………………………………
(English Version)
Thai SMEs eagerly explore greater opportunities brought by China-Laos Railway
NONG KHAI, Thailand, April 15 (Xinhua) — Tanapat Yuttagasemson was still impressed as he recalled the first time he traveled on the China-Laos Railway.
“It was very impressive, very comfortable and clean. But buying a ticket was difficult because so many people wanted to buy them,” said the Thai entrepreneur who runs small and medium-sized enterprises (SMEs) in the IT business.
Tanapat’s businesses are based in Thailand’s northeast province of Nong Khai, which lies some 20 km away from the Lao capital of Vientiane across the Mekong river.
The China-Laos Railway has provided a shortcut to the Chinese market for entrepreneurs from regions in northeast Thailand.
Photo 1: A staff member works at the production line of Dunan Metals (Thailand) Co., Ltd, in the Thai-Chinese Rayong industrial zone in Rayong Province, Thailand, Nov. 8, 2022. (Xinhua/Rachen Sageamsak)
Photo 2: A Lane Xang EMU train pulls into the Vientiane station along the China-Laos Railway in Vientiane, Laos, Nov. 21, 2021. (Photo by Kaikeo Saiyasane/Xinhua)