Connect with us

Media

ကမ္ဘောဒီးယားနှင့် တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးစီး

ဖနွမ်းပင် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် Royal Gendarmerie လေ့ကျင့်ရေးစင်တာတွင် ပဉ္စမအကြိမ်မြောက် “Golden Dragon 2023” ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကာ နိုင်ငံများနှင့် စစ်တပ်များကြား ဆက်ဆံရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tea Banh က အခမ်းအနား၌ ပြောကြားခဲ့သည်။

“ဒီပူးတွဲလေ့ကျင့်မှုက ကမ္ဘောဒီးယား-တရုတ် သံမဏိချစ်ကြည်ရင်းနှီးမှုက ချိုးဖျက်၍မရသလို တောင့်တင်းခိုင်မာလျက်ရှိတယ်ဆိုတာကို ပြသနေပါတယ်” ဟု Banh က ဆိုသည်။

ကမ္ဘောဒီးယား-တရုတ် “Golden Dragon 2023” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံ အလယ်ပိုင်း Royal Gendarmerie လေ့ကျင့်ရေးစင်တာ၌ မတ် ၂၃ ရက်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Cambodia, China joint military exercise concludes successfully
Cambodia and China have successfully concluded the fifth edition of joint military exercise “Golden Dragon 2023” at the Royal Gendarmerie Training Center here.
Speaking at the event, Cambodian Deputy Prime Minister and Defense Minister Gen. Tea Banh said the joint exercise had come to a successful end, with fruitful results for the relations between the countries and armies.
“This joint exercise has showed the world that the Cambodia-China ironclad friendship is unbreakable and will be even stronger,” Banh said.
The Cambodia-China “Golden Dragon 2023” joint military exercise started on March 23 at the Royal Gendarmerie Training Center in central Cambodia.
Xinhua News Agency correspondents reporting from Phnom Penh. (XHTV)