Connect with us

Media

ကုလသမဂ္ဂအကြီးအကဲက Carlos V European Award ဆု လက်ခံရယူ

မက်ဒရစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စပိန်နိုင်ငံ ဘုရင် Felipe VI ထံမှ Carlos V European Award ဆုအား မေ ၉ ရက်တွင် စပိန်နိုင်ငံအနောက်ပိုင်း Caceres မြို့ရှိ Yuste ဘုရားကျောင်း၌ အခမ်းအနားဖြင့် လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းဆုအား ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်ဆိုင်ရာတန်ဖိုးများ ၊ ဥရောပသမိုင်းပညာရှင်များ သာမက ဥရောပအသိုင်းအဝိုင်း ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ၏ အလုံးစုံသိနားလည်တန်ဖိုးထားမှုအား ပါဝင်ကူညီခဲ့သူများကို ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အန်တိုနီယိုဂူတာရက်စ်က ဆုလက်ခံရရှိပြီး မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာတစ်ဝန်း ပဋိပက္ခများ အဆုံးသတ်ရေးအတွက် ကျည်ဆန်များထက် သံတမန်လက်နက်များကိုသာ အသုံးပြုသင့်ကြောင်း ရည်ညွှန်းကာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
UN chief receives Carlos V European Award
UN Secretary-General Antonio Guterres received the Carlos V European Award from King Felipe VI of Spain at a ceremony in the Yuste Monastery in the city of Caceres in western Spain on Tuesday.
The award is given to those who “have contributed to the general understanding and appreciation of the cultural, scientific values, historians of Europe, as well as the process of unification of the European community.”
In his acceptance speech, Guterres called for peace, arguing that “diplomatic arsenals” rather than bullets should be used to help end the conflicts worldwide. Xinhua News Agency correspondents reporting from Madrid.(XHTV)