Connect with us

Videos

တရုတ်စူးစမ်းလေ့လာရေးအဖွဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်သို့ သိပ္ပံဆိုင်ရာသုတေသနအတွက် ရောက်ရှိ

ချိုမိုလန်းမားတောင်အခြေစိုက်စခန်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် သိပ္ပံဆိုင်ရာသုတေသနများ လုပ်ဆောင်ရန် ချိုမိုလန်းမားတောင်ထိပ်သို့ မေ ၂၃ ရက်က ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။တရုတ်စူးစမ်းလေ့လာသူများသည် မေ ၂၃ ရက် နံနက် ၃ နာရီတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၃၀၀ မီတာရှိ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ပြီး ခက်ခဲကြမ်းတမ်းသောတောင်တက်ခြင်းအား ရှစ်နာရီကြာ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်သည့် အမြင့် ၈,၈၃၀ မီတာရှိ ရာသီဥတုစခန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သံမဏိကြိုးများ ချိတ်ဆက်ခြင်း ၊ ဘတ္ထရီများ လဲလှယ်ခြင်း ၊ လေတိုက်နှုန်း နှင့် လမ်းကြောင်းပြအာရုံခံကိရိယာများ တပ်ဆင်ခြင်းများ ပြုလုပ်ပြီးနောက် တရုတ်စူးစမ်းလေ့လာသူများသည် ရာသီဥတုစခန်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုနောက် တရုတ်စူးစမ်းလေ့လာသူများသည် အမြင့် ၈,၈၄၈.၈၆ မီတာရှိ တောင်ထိပ်သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)