Connect with us

Videos

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်စ်မြို့ရှိ ပထမဆုံး tuk-tuk အမျိုးသမီးယာဉ်မောင်း

ဒမတ်စကတ်စ် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

Rasha Hasan ဆိုသော အမျိုးသမီးက ၎င်း၏ ကျောင်းနေအရွယ်ကလေးသုံးဦးကို ထောက်ပံ့ပေးနိုင်ရေး နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် ဒမတ်စကတ်စ်မြို့ရှိ လမ်းများပေါ်တွင် tuk-tuk ယာဉ်မောင်းနှင်ရန် စိတ်ကူးရရှိလာခဲ့သည်။သို့သော် ဆီးရီးယားနိုင်ငံ၌ tuk-tuk ယာဉ်များမှာ ရှားပါးသွားပြီ ဖြစ်သည်။အသက် ၄၆ နှစ် အရွယ်ရှိ Hasan သည် လွန်ခဲ့သည့် ၁၂ နှစ် ဆီးရီးယားစစ်ပွဲ စတင်ချိန်၌ ၎င်း၏ ကိုယ်ပိုင်ကားကို တက္ကစီယာဉ် အဖြစ် မောင်းနှင်ခဲ့သော်လည်း ၎င်းနေထိုင်ရာ ဒမတ်စကတ်စ်မြို့အနီးရှိ al-Tadamun ရပ်ကွက်၌ မငြိမ်မသက် ဖြစ်လာချိန်တွင်မူ ၎င်း၏နေအိမ်အား စွန့်ခွာသွားခဲ့ရသည်။၎င်း၏ကားမှာ အခိုးခံရပြီး နေအိမ်ကလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူသည် စစ်ပွဲအတွင်း သေဆုံးသွားခဲ့ပြီးနောက် ၎င်းအနေဖြင့် စားဝတ်နေရေး မလုံလောက်ခြင်းကြောင့် အလုပ်အကိုင်များစွာ ပြောင်းခဲ့ရကြောင်း သိရသည်။

Tuk-tuk ယာဉ်မောင်းနှင်သူ Hasan က “ပထမက ကျွန်မမှာကားတစ်စီးရှိပေမဲ့ အခိုးခံလိုက်ရပါတယ်။ အဲဒီနောက် တက္ကစီကားကို ဌားပြီးတော့ မောင်းခဲ့ပါတယ်။ ဒါပေမဲ့ လောင်စာဆီ ရှားပါးပြတ်လပ်တာကြောင့် လျှပ်စစ်နဲ့ပတ်သက်ပြီး သုံးလို့ရတာ တစ်ခုခုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ အွန်လိုင်းမှာ လျှပ်စစ် tuk-tuk ယာဉ်တွေ ရောင်းချနေတဲ့ ကြော်ငြာတစ်ခုကို တွေ့ခဲ့ပါတယ်။ Tuk-tuk ယာဉ်ဝယ်တာက ကျွန်မအတွက် ပိုတွက်ခြေကိုက်ပြီးတော့ ပိုကောင်းတယ်လို့ သဘောပေါက်မိပါတယ်။ ကျွန်မရဲ့ခရီးသည်တွေကို ပုံမှန်တက္ကစီအဌားယာဉ်တွေထက် လျှော့ပြီး ဈေးတောင်းပါတယ်”ဟု ပြောကြားခဲ့သည်။
————————–

Meet 1st female tuk-tuk driver in Damascus
For Rasha Hasan, driving a tuk-tuk on the streets of Damascus was an idea she came up with to make a living and provide for her three school-age children.
However, tuk-tuks are still uncommon in Syria.
The 46-year-old used to drive her own car as a taxi cab at the beginning of the Syrian war 12 years ago, but when the chaos reached their area in the al-Tadamun neighborhood in Damascus, she had to leave her house.
Her car got stolen and her house was set ablaze.
Later, the woman changed several jobs, which weren’t enough to make a living, particularly with the death of her husband during the war.
SOUNDBITE 1 (Arabic): RASHA HASAN, Tuk-tuk driver
“At first, I had a car, but it was stolen. Then I hired a taxi cab and started working as a driver. However, due to the lack of fuel, I decided to buy something that works on electricity. So, I found an advertisement about someone selling electric tuk-tuks online. I realized that buying a tuk-tuk is better and more economical for me. I charge my passengers less than the regular taxi cab.”
Xinhua News Agency correspondents reporting from Damascus.(XHTV)