Connect with us

Media

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ Plano AsiaFest ပွဲတော် ကျင်းပ

တက္ကဆက် ၊ မေ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Plano မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Plano AsiaFest ပွဲတော်အား မေ ၆ ရက်တွင် ကျင်းပခဲ့ပြီး ထူးကဲဆန်းပြားသော အာရှယဉ်ကျေးမှုပုံစံအမျိုးမျိုးအား ပြသခဲ့ကြောင်း သိရသည်။

ပွဲတော်၌ လူအများက ရိုးရာအာရှအက နှင့် တေးဂီတဖျော်ဖြေမှု ၊ ယဉ်ကျေးမှုပြပွဲ ၊ ကိုယ်ခံပညာ နှင့် အစားအစာတို့အား ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။

ပွဲတော်တွင် ပန်းချီကားများ နှင့် လက်ရေးလှပြပွဲများလည်း ပါဝင်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ နှစ်စဉ် မေလသည် အာရှအမွေအနှစ်လ ဖြစ်သည်။ အာရှမှ ရွှေ့ပြောင်းနေထိုင်သူအများအပြား ရှိသည့် Plano မြို့သည် အမေရိကန်နိုင်ငံတွင် တိုးတက်မှု အရှိဆုံးမြို့များအနက် တစ်မြို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Plano AsiaFest held in Texas, U.S.
The annual Plano AsiaFest Festival was held Saturday in Plano, a suburban city of Dallas, Texas, the United States, showcasing rich Asian cultural diversity.
People could enjoy traditional Asian dance and music shows, culture shows, martial arts, and foods at the festival.
The festival also included paintings and a calligraphy exhibition.
May is the Asian Heritage Month in the U.S. every year. Plano is among the fastest-growing cities in the U.S. with many immigrants from Asia.
Xinhua News Agency correspondents reporting from Plano, U.S.(XHTV)