Connect with us

China

တရုတ်နိုင်ငံအလယ်ပိုင်း RCEP ကုန်စည်ပြပွဲတွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ ကျော် ရင်းနှီးမြှုပ်နှံမှုလက်မှတ်ရေးထိုး

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ဟွိုင်ဟွမြို့တွင် ပထမဆုံး ဟူနန် (ဟွိုင်ဟွ) RCEP စီးပွားရေးနှင့် ကုန်စည်ပြပွဲ ကျင်းပရာနေရာကို ၂၀၂၃ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တွင်ပြုလုပ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) စီးပွားရေးနှင့် ကုန်စည်ပြပွဲ အတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယွမ် ၇၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၈၄ ဘီလီယံခန့်) ရှိသည့် စုစုပေါင်း စီမံကိန်း ၁၁၃ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

ဟွိုင်ဟွမြို့တွင် မေ ၄ ရက်က စတင်ခဲ့သည့် အဆိုပါပြပွဲက RCEP အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းတည်ထောင် ထားသည့် ကုန်သွယ်ရေး နှင့်ပို့ဆောင်ရေးစင်္ကြံ တစ်ခု ဖြစ်သည့် နိုင်ငံတကာ ကုန်းလမ်းနှင့် ပင်လယ်ေရကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်တစ်လျှောက် ကုန်စည်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုသစ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ပြပွဲကျင်းပစီစဉ်သူ၏အဆိုအရ သိရသည်။

လေးရက်ကြာ ပြုလုပ်သော အဆိုပါကုန်စည်ပြပွဲက RCEP အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၂ ခု အပါအဝင် ပြည်တွင်းနှင့် ပြည်ပမှ ဝယ်ယူသူ ၁,၀၀၀ ကျော် နှင့် ထင်ရှားကျော်ကြားသည့်စီးပွားရေးလုပ်ငန်းစု ၆၀၀ ကျော် ကို ဆွဲဆောင်နိုင်ခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Over 10 bln USD of investment signed at central China RCEP expo

CHANGSHA, May 8 (Xinhua) — A total of 113 projects with a combined investment of about 75 billion yuan (10.84 billion U.S. dollars) were signed during a Regional Comprehensive Economic Partnership (RCEP) economic and trade expo held in central China’s Hunan Province.
The event that kicked off on May 4 in the province’s Huaihua City has served as a new platform for exchanges and cooperation between RCEP member countries and China’s provincial-level regions along the New International Land-Sea Trade Corridor, which is a trade and logistics passage jointly built by provincial-level regions in western China and ASEAN members, according to the organizer.
The four-day expo attracted over 600 renowned enterprises and more than 1,000 purchasers from home and abroad, including 112 companies from 14 other RCEP member countries.

Photo 1: This photo taken on May 5, 2023 shows the venue for the First Hunan (Huaihua) RCEP Economic and Trade Expo in Huaihua City, central China’s Hunan Province.(Xinhua/Yu Chunsheng)