Connect with us

Videos

ကိုလံဘီယာကလေးငယ် ၄ ဦး တောထဲတွင် ရက်ပေါင်း ၄၀ ကြာပြီးနောက် အသက်ရှင်လျက် တွေ့ရှိ

ဘိုဂိုတာ ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

လေယာဉ်ပျက်ကျပြီးနောက် ရက်ပေါင်း ၄၀ အကြာ ကိုလံဘီယာတောထဲတွင် ကလေးငယ် ၄ ဦးကို ကယ်ဆယ်ခဲ့ပြီး ဆေးကုသမှုခံယူနိုင်ရန် ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ရှိ စစ်ဘက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးများမှာ အသက် တစ်နှစ်မှ ၁၃ နှစ်အကြား အရွယ်ရှိ ညီအစ်ကိုမောင်နှစ်မများ ဖြစ်ကြသည်။ ၎င်းတို့၏ လေယာဉ်သည် မေ ၁ ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် Guaviare တောင်ပိုင်းပိုင်နက်၏ တောထဲတွင် ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် နှင့် လေယာဉ်မှူး ၊ ဌာနေခေါင်းဆောင် နှင့် ကလေးမိခင်တို့၏ ရုပ်အလောင်းတို့ကို မေ ၁၅ ရက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။မျိုးရိုးအမည် Mucutuy ဟု ဆိုသော ညီအစ်ကိုမောင်နှစ်မများသည် ဆေးရုံသို့ မရောက်ရှိမီ ၎င်းတို့၏ ဖခင်ဖြစ်သူ ၊ အဘိုးဖြစ်သူတို့နှင့် San Jose del Guaviare မြို့၌ ပြန်လည်ဆုံစည်းခဲ့ကြောင်း သိရသည်။
ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro သည် ဆေးရုံသို့ သွားရောက်ပြီး ကလေးများနှင့် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ (Xinhua)
————————

4 Colombian children found alive after 40 days in jungle
Four children have been rescued in the Colombian jungle 40 days after a plane crash and transferred to a military hospital in Bogota to receive medical treatment.
The minors were siblings aged between one and 13 years old. They were spotted by rescuers in a jungle region of the southern department of Guaviare on Friday, after their plane crashed on May 1.
The aircraft and the bodies of the pilot, an indigenous leader, and the children’s mother were found on May 15.
The siblings, whose family name is Mucutuy, reunited with their father and grandfather in the department’s capital city of San Jose del Guaviare before being taken to the hospital.
Colombian President Gustavo Petro later visited the hospital and met the children.
Xinhua News Agency correspondents reporting from Bogota.(XHTV)