Connect with us

Media

တရုတ်နိုင်ငံက စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် အားသွင်းနေရာအခြေခံအဆောက်အအုံ ပိုမိုတိုးတက်မှုရှိစေရန် ဆောင်ရွက်မည်

ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEVs) လျင်မြန်စွာတိုးတက်လာမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် အရည်အသွေးမြင့် အားသွင်းနေရာအခြေခံအဆောက်အအုံကွန်ရက် တည်ဆောက်ရေး ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။

၂၀၃၀ ပြည့်နှစ်မတိုင်မီ ကျယ်ပြန့်သောလွှမ်းခြုံမှု၊ သင့်တင့်သောနှုန်းထား၊ သင့်လျော်ကောင်းမွန်သော ဖွဲ့စည်းမှု၊ အပြည့်အဝအသုံးပြုနိုင်သော အရည်အသွေးမြင့် အားသွင်းနေရာ အခြေခံအဆောက်အအုံကွန်ရက်တစ်ခုကို ထားရှိမည်ဖြစ်ကာ NEVs တိုးတက်မှုနှင့် ပြည်သူများ၏ အားသွင်းမှုလိုအပ်ချက်များအား ပံ့ပိုးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အထွေထွေရေးရာရုံးမှ ထုတ်ပြန်သောလမ်းညွှန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြို့ပြဧရိယာများ၌ ကောင်းမွန်သော အားသွင်းနေရာကွန်ရက်တစ်ခု တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် လိုအပ်ချက်ကို အလေးထားဖော်ပြထားပြီး လူနေနှင့် စီပွားရေးဧရိယာများ၊ စီးပွားရေးလုပ်ငန်းသုံး၊ စက်မှုလုပ်ငန်းနှင့် အပန်းဖြေစင်တာများရှိ အားသွင်းနေရာများ လွှမ်းခြုံမှုကိုလည်း အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ကျေးလက်ဒေသများရှိ ထိရောက်စွာလွှမ်းခြုံမှုရှိသော အားသွင်းနေရာကွန်ရက်တစ်ခုကိုလည်း တည်ဆောက်နေကြောင်း၊ အားသွင်းနေရာအခြေခံအဆောက်အအုံတည်ဆောက်မှုနှင့် အသုံးပြုမှုအတွက် သရုပ်ပြခရိုင်များနှင့် မြို့များ ဖန်တီးရန်လိုအပ်ကြောင်း လမ်းညွှန်ချက်က တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China to further improve NEV charging infrastructure
BEIJING, June 19 (Xinhua) — China will further boost the building of a high-quality charging infrastructure network to meet the rapid development of the country’s new energy vehicles (NEVs), according to a guideline.
By 2030, a high-quality charging infrastructure network with extensive coverage, moderate scale, sound structure, and full function will basically be in place, capable of supporting the development of NEVs and people’s charging needs, said the guideline released by the General Office of the State Council.
The document stressed the need for efforts to build a well-structured charging network in urban areas, focusing on the coverage of charging piles in residential and business areas, as well as commercial, industrial, and leisure centers.
In rural areas, a charging network with effective coverage will also be built, the guideline said, urging the need to create demonstration counties and towns for charging infrastructure construction and application.