Connect with us

Media

ပါကစ္စတန်နိုင်ငံက ကမ္ဘာ့ဒုက္ခသည်ဦးရေအများဆုံး လက်ခံထားသောနိုင်ငံတစ်နိုင်ငံဖြစ်လာ

အစ္စလာမ်မာဘတ်၊ ဇွန် ၂၁ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုက္ခသည်ဦးရေအများဆုံး ဆက်လက်လက်ခံထားသောနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဒုက္ခသည်များစောင့်ရှောက်ရန်နှင့် ဆန္ဒအလျောက် ပြန်လည်လွှဲပြောင်းပို့ဆောင်ရန် ပါကစ္စတန်၏ ခိုင်မာသောသန္နိဋ္ဌာန်နှင့် ကတိကဝတ်ကို ဖော်ပြနေခြင်းလည်းဖြစ်ကြောင်း သမ္မတ Arif Alvi က ပြောကြားခဲ့သည်။

ဇွန် ၂၀ ရက်တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် Alvi က “ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်း သန်းနဲ့ချီတဲ့အာဖဂန်ဒုက္ခသည်ကို လက်ခံရာမှာ ပါကစ္စတန်အစိုးရနဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ကူညီပံ့ပိုးမှုတွေကို ပြန်ပြောင်းသတိရမိစေပါတယ်” ဟု ပြောခဲ့သည်။

အရင်းအမြစ်အကန့်အသတ်များရှိနေလင့်ကစား မြောက်မြားလှစွာသော နေရပ်စွန့်ခွာနေရသူ ဒုက္ခသည်များအတွက် ပံ့ပိုးကူညီရေးမှာ ပါကစ္စတန်နိုင်ငံ၏ ပြိုင်ဘက်ကင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများက လူသားအချင်းချင်းစာနာနားလည်မှုနှင့် စာနာရိုင်းပင်းမှုစိတ်ဓာတ်၏ သက်သေဖြစ်ကြောင်း သမ္မတက ဆိုသည်။

ဒုက္ခသည်များနှင့် ၎င်းတို့အားလက်ခံထားသော အဖွဲ့အစည်းများကြား နှစ်ပေါင်း ၄၀ ကျော်သည့်တိုင် ပဋိပက္ခများ မရှိကြောင်း၊ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန်လေးစားမှုကို သရုပ်ဖော်ပြလျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

ဒုက္ခသည်များ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်ခွင့် ရရှိစေရေး၊ ဘဏ်အကောင့်များနှင့် အခြားအခွင့်အလမ်းများ ရရှိရေးအတွက် အစိုးရ၏မူဝါဒများ သေချာမှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Pakistan hosts one of world’s largest refugee populations: president
ISLAMABAD, June 20 (Xinhua) — Pakistani President Arif Alvi said that his country continued to host one of the largest refugee populations in the world, showing Pakistan’s unwavering resolve and commitment to the welfare and voluntary repatriation of refugees.
In his message on the occasion of World Refugee Day being observed on Tuesday, Alvi said that “on the day, we are reminded of the immense contributions of the government and people of Pakistan in hosting millions of Afghan refugees over the past four decades.”
Pakistan’s unparalleled humanitarian efforts in providing refuge to such a large number of displaced individuals, despite limited resources, serve as a testament to the spirit of brotherhood and compassion, the president said.
For 40 years, there has been no friction between the refugees and the host communities, exemplifying harmonious coexistence and mutual respect, he said.
The president said that the policies of the government ensure refugees’ access to education and healthcare, and to having their bank accounts and other opportunities.
Photo: Afghan refugees ride on a donkey-cart on the outskirts of Islamabad, capital of Pakistan, Aug. 22, 2021. (Xinhua/Ahmad Kamal)