Connect with us

Media

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလာရေးအတွက် တရုတ်ဝန်ကြီးချုပ် တိုက်တွန်း

ပဲရစ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် တည်ဆောက်မှု ပူးတွဲမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အားကောင်းစွာဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်က ဇွန် ၂၂ ရက်၌ ပြောကြားခဲ့သည်။

New Global Financing Pact ဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအနေဖြင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ အဓိက စီမံကိန်းများ ပူးတွဲမြှင့်တင်ရန်၊ သို့မှသာ စင်္ကြံအား အရည်အသွေးမြင့်မားစွာ တိုးတက်မှု မြှင့်တင်နိုင်မည်ဖြစ်ကာ နှစ်နိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအား ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း လီက ဆိုသည်။

ထို့ပြင် တရုတ်နှင့် ပါကစ္စတန်တို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေးစားစွာ ဆက်ဆံမှု၊ အပြန်အလှန် ယုံကြည်မှုဖြင့် အေးအတူပူအမျှ အစဉ်အမြဲရှိကြကြောင်း လီက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံလွတ်လပ်ရေးနှင့် နယ်မြေပိုင်နယ်ပြည့်စုံမှုကို ထိန်းသိမ်းရာ၌ ပါကစ္စတန်အား ဆက်လက်၍ အခိုင်အမာထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်နိုင်ငံနှင့်အတူ တရုတ်-ပါကစ္စတန် နယ်ပယ်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန်နှင့် ခေတ်သစ်တွင် နီးကပ်သော အေးအတူ ပူအမျှ တရုတ်-ပါကစ္စတန် အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese premier calls for stronger Belt and Road cooperation between China, Pakistan
PARIS, June 22 (Xinhua) — Chinese Premier Li Qiang said here Thursday that the Chinese side is ready to continue strengthening cooperation with Pakistan to jointly promote the construction of the Belt and Road Initiative.
During his meeting with Pakistani Prime Minister Shahbaz Sharif on the sidelines of the Summit for a New Global Financing Pact, Li also called on the two sides to jointly advance major projects under the China-Pakistan Economic Corridor (CPEC) so as to promote high-quality development of the corridor, and better contribute to the economic and social development of the two countries.
China and Pakistan have always treated each other sincerely, trusted each other and shared weal and woe, Li said. China will continue to firmly support Pakistan in safeguarding country’s sovereignty, national independence and territorial integrity.
China stands ready to work with Pakistan to promote the continued development of the China-Pakistan all-weather strategic cooperative partnership and build a closer China-Pakistan community of shared future in the new era, said Li.