Connect with us

Media

တရုတ်နိုင်ငံရှင်းကျန်းဒေသရှိ တက္ကသိုလ်ဘွဲ့ရ အထိမ်းအမှတ်အခမ်းအနား၌ ကိုယ်တိုင်ငါးဖမ်း၍ ဂုဏ်ပြုစားသောက်ပွဲပြုလုပ်

ခက်လာမာရိ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခက်လာမာရိမြို့ ရှိ China University of Petrleum-Beijing က ၎င်း၏ကျောင်းသားများဘွဲ့ရအထိမ်းအမှတ်အခမ်းအနား၌ကိုယ်တိုင်ငါးဖမ်း၍ ဂုဏ်ပြုစားသောက်ပွဲ သို့ပါဝင်တက်ရောက်ကြရန် ဇွန် ၂ ရက်ကဖိတ်ကြားခဲ့သည်။

တက္ကသိုလ်ဝင်းထဲရှိ Hongshan ရေကန်၌ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများက ငါးဖမ်းပိုက်ကွန်ကို ပျော်ရွှင်စွာ ဆွဲယူခဲ့ကြသည်။အဆိုပါအခမ်းအနားတွင် ငါး ကီလိုဂရမ် ပေါင်း၂,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး အကြီးဆုံးငါး၏ အလေးချိန်မှာ ၁၂ ကီလိုဂရမ်နှင့် အရှည် ၁ မီတာရှိကြောင်း သိရသည်။
ယင်းအခမ်းအနား၌ နေ့လည်စာစားချိန်တွင်မူ ဖမ်းဆီးထားသော ငါးများကို စားသောက်ဆိုင်များတွင် ချက်ပြုတ်ခဲ့ကြသည်။ ကျောင်းသားများသည် ဟင်းလက်ရာပေါင်း ၇၀ ကျော်ကို ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။ (Xinhua)

………………………
(English Version)
College in China’s Xinjiang bids farewell to graduates with free fish banquet
China University of Petroleum-Beijing in Karamay in China’s Xinjiang invited its students to enjoy a fish banquet in celebration of their graduation last Friday.
At the Hongshan Lake of the campus, teachers and students merrily pulled the fishnet. More than 2,000 kg of fish were caught, among which the biggest weighed 12 kg and measured 1 m long.
At lunchtime, these fish were cooked in the restaurants. Students could enjoy more than 70 delicacies.
Xinhua News Agency correspondents reporting from Karamay, China. (XHTV)